💚15❤

4K 340 7
                                    

ဆေးရုံရောက်တော့ ရိပေါ်က ကားရှိန်သတ်ကာ
ရပ်လိုက်တာကြောင့် ရှောင်ကျန့်လည်း
ဘာမှပြောမနေတော့ဘဲ ကားတံခါးကိုသာဖွင့်ကာ
ဆင်းလိုက်ပီး သူ့ခြေဦးတွေက
အားရှင်းအခန်းဆီသို့....

သူတို့နှစ်ယောက်ကဘာလည်းးသူမသိဘူးး
ဒါပေမဲ့သူနာကျင်နေတယ်လို့ခံစားရတယ်။
ရုတ်တရက်ရိပေါ်ကိုဖက်လိုက်တဲ့တစ်ဖက်
မိန်းခလေးရဲ့အပြုအမူတွေက သူ့ရင်ကို
တင်းကျပ်ကာ နေရခက်စေတယ်။
ဒါအပြင်ရိပေါ်ကပါ ငြိမ်ခံနေတာမို့
သူ့နှလုံးသားလေးက တိုးတိတ်စွာ
မျက်ရည်ခိုးကျတယ်။

ဒီလောက်ဆိုသိပါပီ သူတို့နှစ်ယောက်ရဲ့
ဆက်ဆံရေးက တော်ရုံမဟုတ်ဘူးဆိုတာ..

ဒါပေမဲ့ ဝမ်ရိပေါ်ဟာ မိန်းခလေးတွေကို
စိတ်မဝင်စားဘူးဆိုတာကိုတော့
ဒဏ်ရာတွေနဲ့အမြဲတမ်းနာကျင်ရင်းနေသားကျခဲ့ရတဲ့
ကောင်လေးက သတိရခဲ့ပုံမပေါ်ပါဘူး။

ဆေးရုံထဲဝင်လာတော့လည်း ရင်ဟွားဟာ
ဝမ်ရိပေါ်ရဲ့လက်ကို တွဲလျှက်သာ။
အိပ်ကပ်ထဲလက်နှိုက်လို့အေးအေးလူလူလျှောက်ကာဝင်လာတဲ့ရိပေါ်ကတော့
ရှောင်ရှင်းရှင်းရှိတဲ့အခန်းကိုသိပီးသားမို့
ပုံမှန်ခြေလှမ်းတွေနဲ့သာ..
ပါးစပ်ကအဝါးမပြတ်တဲ့ပီကေကလည်း
အေးစက်တဲ့သူ့အပြုအမူကို ပိုမိုထင်ဟပ်စေတယ်။

ဆေးရုံကို Shoppen Mallထွက်လာသလို
စတိုင်နဲ့လျှောက်လှမ်းနေတဲ့ကောင်လေး
တစ်ယောက်နဲ့
ကောင်လေးရဲ့လက်မောင်းကိုချိတ်တွယ်လို့
အပြုံးတွေဝေဆာနေတဲ့ကောင်မလေးတို့
နှစ်ယောက်ကို ကွက်ကွက်ကြည့်လို့ တီးတိုးပြောနေတဲ့ ဆေးရုံထဲက စကားသံတွေဟာလည်း
ပျံလွင့်နေခဲ့တယ်။

ရှောင်ကျန့်သူ့ညီမလေးဘေးနားမှာထိုင်ကာ
ပဝါစလေးရေစွတ်လို့ Oxygen ပိုက်တပ်ထားတဲ့
မျက်နှာလေးနားတစ်ဝိုက်ကို သုတ်သပ်ပေးရင်း
ခြေတွေလက်တွေကိုလည်း
ရေပတ်တိုက်ပေးနေမိတယ်...

"ကလေးမလေးရေ ကောကောကို
ချစ်သေးရင်မြန်မြန်နိုးလာတော့နော်
ဒီချစ်စရာကောင်းတဲ့ ညီမလေးရဲ့
တီတီတာတာစကားသံတွေကို
မကြားရတော့ ပျင်းလှပီ"

❤( M I N E )❤Complete Where stories live. Discover now