.#Zawgyi
.
.
.
တစ်ဆင့်ချင်း ဆင်းလာတဲ့
လှေခါးထစ်တွေကနေ
ကျယ်ဝန်းသာယာကာ သင်းပြန့်တဲ့
အမိမြေရနံကိုရှုရိုက်ဖို့ အခန့်သားတင်ထားတဲ့
မျက်ဝန်းထက်က တန်ဖိုးကြီး မျက်မှန်ကို
သူကောက်ချွတ်လိုက်တယ်၊
ဝေဟင်ထက်မှာပျံသန်းသွားတဲ့
လေယာဉ်တွေနဲ့ ဆင်းသက်လာတဲ့
လေယာဉ်တွေက ပေကျင်းလေဆိပ်ရဲ့
မစဲနိုင်တဲ့ သက်ဝင်လှုပ်ရှားမှုလေးတွေဖြစ်မယ်၊
အမိမြေနဲ့ပတ်သတ်လို့ ဗလာကျင်းနေတဲ့
အုံးနှောက်ကြောင့် လွမ်းဆွတ်တဲ့ခံစားချက်
ဆိုတာတော့ သူ့မှာရှိမနေပေ၊
ခရီးသည်တွေ အလုပ်သမားတွေ
ဝန်ထမ်းတွေကတော့ ကောင်းကင်ပြာ
အောက်က ပေကျင်းကျင်းလေဆိပ်အတွင်းမှာ
ပြာပန်းခက်လို့...
"ပါးပါး..ဘာကြောင်နေတာလည်း
သွားမယ်လေ"
ဆုပ်ကိုင်ထားတဲ့ ပိုကီရဲ့
လက်သေးသေးလေး ခပ်ရွရွ
လှုပ်ရှားမှုကို ခံစားရမှ ရှောင်ကျန့်
အသိကပ်တယ်။
သားလေးကို ချိုမြိန်စွာပြုံးပြလို့
လက်ကလေးကို ဆုပ်ကိုင်ကာ
ဆူညံသံတွေပြည့်နှက်နေတဲ့ လေဆိပ်ထဲက
ထွက်လာလိုက်တော့ သူတို့အရှေ့
ရောက်လာတဲ့ကားအနက်တစ်စီး၊
ကားထဲက ဖိုးယိုးဖားယား ပြေးဆင်းလာတဲ့
ဝတ်စုံအပြည့်နဲ့လူက ကားနောက်ခန်းကို
ဖွင့်ပေးတာမို့ ရှောင်ကျန့်ပိုကီလေးလက်ကို
ဆွဲပီးဝင်ထိုင်လိုက်တယ်။
မီတင်က မနက်ဖြန်မှမို့ ယခုလက်ရှိ
အနားယူဖို့ရာ မုသခင်ကြီး စီစဉ်ပေးထားတဲ့
ကွန်ဒိုကိုကာ မောင်းခိုင်းလိုက်တော့တယ်။
"ဝါးးးပါးပါးရဲ့ မွေးရပ်နိုင်ငံက
အကြီးကြီးပဲ လှနေရော"
ချထားတဲ့ကားမှန်ကနေ ပိုကီလေးက
ခေါင်းပြူကာ
မြင်မြင်သမျှကို ပါးစပ်လေးဟလို့
ငေးနေတာမို့ ရှောင်ကျန့်ပါ
အလိုလိုငေးမိသွားတယ်။
ကင်းမဲ့နေတဲ့ခံစားချက်တွေကြောင့်
အမိမြေ ခြေပြန်ချရတယ်ဆိုတဲ့ခံစားချက်က
ဘာမှန်းသူမသိပေ။
ကိစ္စ ဝိစ္စ တွေ ပီးတဲ့တစ်နေ့ ဒီမှာနေပီး
အခြေချဖို့လည်း ရှောင်ကျန့်မှာ
ဘာplanမှမရှိ၊ သူလာတာ သူ့ကို
ကယ်တင်ပေးထားတဲ့ မုသဋ္ဌေးကြီးရဲ့
အလုပ်ကို လုပ်ကိုင်ကူညီပေးဖို့သက်သက်သာ။
أنت تقرأ
❤( M I N E )❤Complete
القصة القصيرة..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် လုံခြုံမှု မပေးနိုင်လို့... ...... Xiao Zhan ..အမှောင်ရိပ်လေးထဲ တစ်ကိုယ်လုံးပစ်လို့ တိုးဝင်လိုက်တော့မယ်... ..ကောင်းတဲ့လမ်းက ငါချစ်တဲ့သူတွေအတွက် ...
