💚26❤

3.3K 250 10
                                        

..
..#Zawgyi
.
.
.
ခမ်းနားကြီးကျယ်သည့်
နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံး၏
စင်ဝင်အောက်၌ ထိုးရပ်လိုက်သော
တန်ဖိုးကြီး ကားတစ္စီး။

ကားပေါ်မှဆင်းလာသည့်
ထိုလူကြီး၏ ခြေလှမ်းတိုင်းက
တည်ငြိမ်နေသည့်တိုင်အောင်
ခက်ထန်နေသည့်
မျက်နှာထားကား ပြင်၍ပြု၍မရ။

အငြိုးတရားတွေတွဲခိုနေသည့်
ထိုလူ့မျက်ဝန်းတို့က
အိမ်ပေါက်ဝမှ ဝိုင်ခွက်လှုပ်လို့
ခပ်ထေ့ထေ့ ပြုံးနေတဲ့
ရွှယ်တူလူကြီးတစ်ယောက်ကို
ကြည့်နေသည်မှာ စူးစူးစိုက်စိုက်။

"ဆောင်းရာသီကြီး မိုးကြိုးပစ်ချအုံးမယ်
နှင်းပွင့်တွေတော့လန့်ကုန်တော့မှာပဲ
ချန်းမုံရာ..
မလာစဖူး အလာထူးလို့
ဒီကောင်ကြီး ထီပြေးထိုးရမှာလား"

ရွှတ်နောက်နောက် ဝမ်ရယ်ရဲ့စကားကြောင့်
မုချန်းမုံ မျက်နှာက ခပ်မဲ့မဲ့..

"လောလောဆယ် ငါတော့မင်းကို
အရင်ထိုးချင်နေတယ်"

မဲ့တဲ့တဲ့နဲ့ ရွှဲ့ကာပြောတဲ့ မုချန်းမုံကြောင့်
ဝမ်ရယ် သဘောတကျ ရယ်လိုက်မိတယ်..

🔴🔴🔴🔴🔴

မိနစ်ပိုင်းအနည်းငယ်ခန့်ကြာပီဖြစ်သော
အချိန်လောက်က ရယ်မောသံဟာ
ရေဝဲစုပ်သလို ပြောက်သွားပီး
တိတ်ဆိတ်ချက်က လွင်ပြင်ကျယ်ထဲ
ရောက်နေသည့်အတိုင်း...

သခင့်လက်ထဲ လှုပ်ရမ်းကခုံ ခံခဲ့ရသည့်
ဝိုင်ခွက်ဟာလည်း ဧည့်ခန်းက
ဖန်သားစားပွဲပေါ် မျက်နှာငယ်စွာ ငုတ်တုတ်..

ဆိုဖာပေါ်
ခြေချိတ်လို့ လျော့တိလျော့ရဲ ထိုင်နေတဲ့
မုချန်းမုံ...
ခက်ထန်နေတဲ့မျက်နှာပြင်နဲ့လိုက်ဖက်စွာ
အကြည့်ရဲရဲတို့ဖြင့် သူ့ရှေ့က
မျက်ခုံးတွေစုကျုံ့ကာ ခပ်စိမ်းစိမ်း
ပြန်ကြည့်လာတဲ့ ဝမ်ရယ်ကို စိုက်ကြည့်နေသည်မှာ
ခပ်ကြာကြာပင်ဖြစ်လုပီ...

"ဘယ်မလဲ? သက်သေ"

"မလိုဘူး"

"ဟေးး..ချန်းမုံ..မင်းထင်ချင်တဲ့လူကို
ထင်ချင်သလိုထင်။ ငါဂရုမစိုက်ဘူး။
အဲ့ထဲ ဝမ်ရိပေါ်တော့မပါဘူး။
ဟွားအယ်သေတာ သက်သေအခိုင်အလုံရပီးပီပဲ။
ဘာတွေအထွန့်တက်ချင်သေးတာလဲ"

❤( M I N E )❤Complete Où les histoires vivent. Découvrez maintenant