❤12💚

4.3K 373 3
                                    

အေးချမ်းလှတဲ့တောအုပ်စိုစိုလေးထဲ
ပိုက်ထားရတဲ့ဒဏ်ရာတွေကိုခနလွှတ်ချကာ
မှိုင်းပြပြကောင်းကင်ကိုသာ
အဓိပ္ပါယ်မဲ့စွာကြည့်နေမိတယ်..

သဘာဝတရားရဲ့လေထုအေးအေးရနံ့က
ကျန်ရစ်တဲ့ပေကျင်းမြို့ထက်
မက်မောဖွယ်ကောင်းစွာ

ထွက်သွားလေတဲ့သူကအေးချမ်းပေမဲ့
ကျန်ရစ်တဲ့သူ့အတွက်ကတော့
နေ့ရက်တိုင်းက အထီးကျန်စွာ
သေချင်စော်နံလျှက်

အရှိန်အဟုန်ပြင်းစွာ အထိန်းအကွပ်မဲ့မဲ့နဲ့
စီးဆင်းနေတဲ့ ရေတံခွန်လေးက
သူသက်သေချင်လောက်အောင်ကို လှပနေပြန်တယ်..

ဖိနပ်ကလေးချွတ်လို့ ကမ်းပါးနားတိုးသွားမိတော့
အမှတ်တမဲ့ ဆုတ်ကိုင်လာတဲ့လက်တစ်စုံ..

တစ်ကိုယ်လုံး ရင်တွင်းဒဏ်ရာတွေနဲ့
ပူလောင်နေပေမဲ့
သူ့လက်ကိုဖမ်းဆုတ်လာတဲ့
လက်ကလေးကတော့
နွေးထွေးစွာ..

"ဘဝက အဲ့လောက်တောင်
စိတ်ပျက်စရာကောင်းနေလို့လား ကျဲ
ခင်ဗျားထက်ဆိုးတဲ့သူတွေကိုလည်း အားနာပါအုံး"

ကျစ်သပ်လို့ ထိုကောင်လေးရဲ့လက်ကိုဆွဲဖြုတ်ကာ
ဘုကြည့်ကြည့်လိုက်မိတယ်..

ကြည့်မိတာနောင်တရတယ်ကွယ်.....

အပစ်ကင်းတဲ့ မျက်နှာလေးထက်မှာ
သူမအရင်မြင်မိတာက နှုတ်ခမ်းအောက်က
မှဲ့နက်ကလေးးး

သူ့ရဲ့အကြည့်တွေကို ဂရုမစိုက်စွာဘဲ
ထိုမှဲ့နက်ပိုင်ရှင်လေးက အတင်းနဲ့
ချောက်ကမ်းပါးပေါ် ရပ်နေတဲ့သူမကို ဆွဲချတယ်

ရင်ချင်းထပ်လျှက်မြေပြင်ပေါ်အထပ်လိုက်ကလေးပုံကျသွားရတာက အားနဲလွန်းတဲ့ ကောင်လေးရဲ့
ကိုယ်ကြောင့်

" ကောင်လေး မင်းအပူပါလို့လား
ကိုယ့်လမ်းကိုယ်သွားစမ်းပါ"

မြေပြင်ပေါ်က ကျုံးထလို့
လက်ဖဝါးကဖုန်တွေကို ပွတ်သပ်လို့ခါကာ
ထိုမှဲ့နက်ပိုင်ရှင်လေးကို မာန်ပါပါ ကြိမ်းလိုက်မိတယ်

"ကျွန်တော့လမ်းကျွန်တော်သွားနေတာဘဲ
ကျဲက သွားနေတဲ့ကျွန်တော့လမ်းမှာ
ပေါ်လာတာကိုးဗျ"

❤( M I N E )❤Complete Where stories live. Discover now