1

16.1K 513 3
                                    

*For Unicode *

"သွားကြစို့ သမီးလေး လေယာဥ်က ထွက်တော့မှာ"

Omma အသံကြောင့် သူများရောက်လာမလားဆိုပြီး မျော်လင့်ကာ လူအုပ်ကြားထဲငေးနေရာကနေ Jen တစ်ယောက် အသိဝင်လာခဲ့တယ်။

"Nae Omma သွားကြမယ်လေ" ပြောရင်း နောက်ဆုံးအကြိမ် လူအုပ်ကြားထဲ ကြည့်ပြီး သူ့ကို ထပ်ရှာလိုက်မိသေးတယ်။

အရာအားလုံးက ပုံမှန်အတိုင်းသွားလာလှုပ်ရှားလို့

စိတ်လျော့ချလိုက်ခြင်းနဲ့အတူ ဖြုတ်ခနဲ့ကျသွားသော မျက်ရည်တစ်စက်

'နင်ကတိမတည်ပြန်ဘူး Ban' စိတ်ထဲကတွေးရင်း မျက်ရည်တွေကို Omma မမြင်အောင် မြန်မြန်သုတ်လိုက်ရခြင်းတွေ။

ဒါကို မျက်စိလျင်တဲ့ Omma ကတွေ့ဖြစ်အောင်တွေ့သွားသေး
" Appa က လတိုင်းသမီးဆီလာလည်မှာပါ သမီးလေးOmma လည်း သမီးနဲ့နေမှာဘဲလေ"

Jen " ဟုတ်ကဲ့ " တစ်ခွန်းသာပြန်ပြောလိုက်နိုင်တယ်။

Omma က Appa မလိုက်ပို့ပေးလို့ စိတ်မကောင်းဖြစ်နေသည်ထင်သွားပုံဘဲ။

အသက် ၂၀ ကျော်နေပြီဖြစ်တဲ့Jen က Appa အလုပ်ကိစ္စကြောင့် Jen ကို လေဆိပ်လိုက်မပို့ပေးနိုင်တာကို အပြည့်အဝနားလည်ပေးနိုင်တဲ့အရွယ်ရောက်နေပါပြီ။

ထားပါတော့ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ကလေးလို့ဘဲ အမြဲ မြင်မှာဘဲ

Jen လေယာဥ်ပေါ်ရောက်တော့ ဝမ်းနည်းစိတ်နဲ့အတူ စိတ်က ဘယ်လိုမှ အဆင်မပြေနေလို့ Omma ဆီက အိပ်ပျော်အောင် ဆေးတောင်းသောက်ပြီး အိပ်လိုက်ရတယ်။

' ငါ အဆင်မပြေဘူး Ban နင်က ငါ့ကိုဆို အမြဲအလေးအနက်မရှိဘူး' လို့တွေးရင်း အိပ်စက်ခြင်းဆီသို့

At Korea

Operation ခန်းရှေ့မှာ ငိုနေသော ကောင်မလေးနှင့် အဲ့ကောင်မလေးကို နှစ်သိမ့်ပေးနေတဲ့ကောင်မလေး

"Unnie သိလား ယောင်း ယောင်းက ကားနဲ့ တိုက်လိုက်မိတာ အဲ့ကောင်မလေးကို သူ သူသေသွားရင် ဘယ်လိုလုပ်မလဲ" ငိုရင်း Park Chaeyoung က ဘေးမှာရှိနေတဲ့ Jisoo ကိုပြောနေတယ်။

Past relationship (U+Z)[Completed]Where stories live. Discover now