12

4.4K 331 5
                                    

*Unicode *

ဘာလိုလိုနဲ့ အချိန်တွေကုန်လာလိုက်တာ Lisa တို့ သုံးယောက် နယူးဇီလန်ရောက်တာတောင် တစ်လပြည့်တော့မယ်။

Lisaလည်း ကျောင်းကို အဆင်ပြေပြေနဲ့တက်နေပြီ။

Unnie Soo တောင်မှ အချိန်ကို အကျိုးရှိရှိအသုံးချမယ်ဆိုပြီး ဒီကဥပဒေကျောင်းတစ်ခုမှာ ဘွဲ့တစ်ခုထပ်ယူဖို့ စီစဥ်နေပြီလေ။

ယောင်းကလည်း အိမ်ရဲ့ မျက်စောင်းထိုးမှာဖွင့်ထားတဲ့ ဂစ်တာသင်တန်းကို အတင်းတက်ချင်တယ်ပူဆာပြီး မရမကသွားတက်နေတယ်။ လမ်းကူးရုံဘဲဆိုတော့ Unnie  Soo ကလည်း ခွင့်ပြုပေးလိုက်တယ်လေ။တကယ်က မငြင်းရဲတာ။ Unnie က မယက။

ကျောင်းမသွားခင် မနက်စာစားနေကြရင်း

"Unnie တို့ ကလေးမယူကြသေးဘူးလား"

"အဟွတ် အဟွတ်"
ဆိုင်းမဆင့် ဗုံမဆင့်ထပြောလိုက်တဲ့ lisaရဲ့ စကားကြောင့် Kim Jisoo တစ်ယောက် သောက်လက်စ Juiceတောင် သီးသွားရတယ်။

ပြီးတော့ မျက်နှာကြီးကလည်းနီလို့။

ယောင်းကတောင် ဘာမှ သိပ်မဖြစ်ဘူး။ တချက်တော့ကြောင်သွားပုံဘဲ။

တချက်မှတချက်ကလေးဘဲ ပြီးတာနဲ့ သူ့မိန်းမ Jisoo ဖြစ်ပျက်သွားတဲ့ ပုံကိုကြည့်ပြီး တဟားဟားထရယ်ပါလေရော။

Lisaလည်း မေးလိုက်မိပြီးမှ ကာယကံရှင်နှစ်ယောက်ဖြစ်နေကြတဲ့ပုံမြင်ပြီး ဘာဆက်ပြောရမှန်းမသိတော့ဘူး။

ယောင်းက ရယ်လို့ဝသွားတော့

"နင့် Unnie တော့ စကားပြောနိုင်မှာမဟုတ်ဘူး Lisaရ။ Unnie,Young ပြောပြလိုက်မယ်နော် Lisaကို"

ခွင့်တောင်းတာလား အသိပေးတာလား မသဲကွဲဘူး။ပြန်ဖြေတာတောင် မစောင့်ဘဲ

"ဒီလို Lisa ya $%^^*$%^^*#$% bla bla"

"ဪ အဲ့လိုဖြစ်သွားတာလား"

Lisa လည်းအကြောင်းစုံသိသွားတော့

" ဘာမှမဟုတ်ပါဘူး lisaမေးလိုက်တာက ။ ဒီမှာက နည်းပညာတွေတိုးတက်တော့ မိန်းကလေးအချင်းချင်း ကလေးရနိုင်တဲ့ ဆေးတွေ ဆရာဝန်ညွှန်ကြားမှုနဲ့ သောက်လို့ရတယ်လို့ ညက လိုင်းမှာတွေ့လိုက်လို့အာ့နဲ့ Unnie တို့ကို သတိရသွားတာ"
( လက်တွေ့မှာတော့ သုတ်ပိုးအလှူရှင်ကနေတဆင့် မျိုးဥနှင့်ပေါင်းပြီး ဆေးပညာအကူအညီဖြင့်ဖြစ်စေ၊ အငှားကိုယ်ဝန်ဖြင့်ဖြစ်စေ LGBT+ စုံတွဲတွေဟာကလေးယူလို့ရနေပါပြီ။)

Past relationship (U+Z)[Completed]Where stories live. Discover now