17

4.7K 323 0
                                    

*Unicode *

စာအုပ်ဆိုင်တစ်ဆိုင်မှာပေါ့။

Jen ကြိုက်တဲ့ စာရေးဆရာ SKY ရဲ့ စာအုပ်အသစ်ထွက်လို့ လာဝယ်တာ ဖြစ်ချင်တော့ စာအုပ်ရှိနေတဲ့နေရာက နည်းနည်းမြင့်လို့ Jen မမီနေဘူး။

အရောင်းဝန်ထမ်းတွေကိုကြည့်လိုက်တော့လည်း ဝယ်သူကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတယ်။

" ဒီမှာ ဒီမှာ " ဟိုဘက်အတန်းကစာအုပ်ကို ကျောခိုင်းပြီး ရွေးနေတဲ့ အရပ်ရှည်ရှည်နဲ့ အကိုတစ်ယောက်ကိုအကူအညီတောင်းမလို့ခေါ်လိုက်ရတယ်။

" ဒို့ကိုခေါ်လိုက်တာလား"လှည့်လာတဲ့ မျက်နှာကိုမြင်ပြီး Jen တစ်ယောက် မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲပါတယ် အကိုမှမဟုတ်တာ မိန်းကလေးတစ်ယောက်ကြီး။

Jen's pov: ' အမလေး အရပ်ကြီးကလည်းရှည်လိုက်တာ မိန်းကလေးသာဆိုတယ်'

"ဟိုလေ Jen ကို အပေါ်တန်းက စာအုပ်လေးယူပေးလို့ရမလား Jen မမီလို့ပါ"

" ရပါတယ် ကိစ္စမရှိပါဘူး"
အဲ့လူကြီးက ယူပေးပြီးတော့ Jen ကို စိတ်မဝင်စားတဲ့ ပုံနဲ့ သူ့ဘာသာ စာအုပ်ဆက်ရွေးနေတယ်။

Jen's pov ' ဘာလဲဟ တစ်သက်လုံး ငါပဲ သူများကို ချေလာတာ အခုငါ က အချေခံနေရတာလား'

Jen သိပ်တော့ မကျေနပ်ပါဘူး။ မကျေနပ်ချက်တွေနဲ့ စာအုပ်ဆိုင်ကအထွက် "အင့်" စိတ်တွေတိုပြီး ဒေါနဲ့မောနဲ့ လျောက်မှတော့ ခလုပ်တိုက်ပြီပေါ့။

ဒါပေမဲ့ Jen မပြုတ်ကျသွားဘူး။ လူတစ်ယောက် ဖမ်းထိန်းပေးလိုက်တာ။ အတိအကျဆို ခနက ဟိုလူကြီး သူ့ရင်ခွင်ထဲမှာ

" ဟေ့ မင်း အဆင်ပြေရဲ့လား"

Jen မတ်တပ်ရပ်လိုက်ခြင်းနဲ့အတူ

"အ!" ပြန်ယိုင်ကျသွားပြန်တယ်။

" မင်း ခြေဆစ်လွဲသွားပြီ ထင်တယ်။ ငါ့ကိုတွဲ ဟိုနားမှာ သွားထိုင်ရအောင် တွဲလည်း လျောက်နိုင်မယ့်ပုံမပေါ်ပါဘူး ငါ့လည်ပင်းကို ကိုင်ထား"
ပြောသံနဲ့အတူ စွေ့ခနဲ့ ကောက်ချီခံလိုက်ရသော Jenလေး

" ငါ့ကားဆီ ခေါ်သွားမယ်။ ကားထဲမှာ ဆေးသေတ္တာရှိလို့"

အဲ့နေ့က အချီခံထားရတဲ့ကောင်မလေးရဲ့ ရင်ခုန်သံတွေဟာ သိသိသာသာကိုမြန်နေပါသတဲ့။

Past relationship (U+Z)[Completed]Tempat cerita menjadi hidup. Temukan sekarang