*Unicode *
" Jennie ရေ ဟဲ့ Jen ရေ အဂျန်းမရဲ့"
ကားပေါ်ကဆင်းကတည်းက အသံဗြဲကြီးနဲ့ အော်ခေါ်ပြီး အိမ်ထဲ မပြေးရုံတမယ်ဝင်လာသော Hana ရယ်ပါ။
Yuki ကတော့ ဘုမသိ ဘမသိလေးနဲ့ သူ့ကောင်မလေးနောက် မှီအောင်ပြေးလိုက်နေရတယ်။
Hana ရဲ့ အသံဗြဲကြီးကိူ Jen အပေါ်ထပ်ကနေတောင်ကြားပါတယ်။ အခန်းထဲထိလာမှာသိနေလို့ တမင်မထွက်ကြိုတာ။
Jen လည်း ဒီရက်ပိုင်း အိပ်ရာမှာဘဲခွေချင်နေတာ။ အတိအကျဆို Ban ကိုတွေ့တဲ့နေ့ကတည်းကဘဲ။
ကျောင်းချိန်တောင် ပျက်မရလို့ တချက်တချက်သွားတက်တာ။ အတန်းပြီးတာနဲ့ အိမ်တန်းပြန်ပြီး အိပ်ရာထဲ ဝင်ခွေနေတာလေ။
ဟော ပြောရင်းနဲ့ မယ်မင်းကြီးမ Hana ရောက်လာပါပြီ။ဘာတွေ ရေးကြီးသုတ်ပြာဖြစ်လာလဲမသိဘူး။
" ဟဲ့ နင့်မိန်းမ Yuki ဗိုက်ကြီးလို့လား အသံဗြဲနဲ့ အသေအော်ပြီး အသည်းအသန်ဖြစ်လာတဲ့ပုံက"
"အောင်မာ ငါ့မိန်းမသာ ဗိုက်ကြီးလို့ကတော့ အော်ရုံမဟုတ်ဘူး ငါကပါကမှာ ခုန်ပေါက်ပြီးနင့်ဆီလာကြွားဦးမှာ "
သူပြောနေတုန်း Yuki ပါ အခန်းထဲ ရောက်လာပါပြီ။
"Hana ကလည်းမြန်လိုက်တာ ဘာတွေလောနေမှန်းမသိဘူး ကျားလိုက်နေတဲ့အတိုင်း မသိရင် Jennie က ထွက်ပြေးမှာကျနေတာဘဲ။ Yuki ပါ မောတယ် "
" ကျားလိုက်တာမဟုတ်ဘူးအချစ်ရေ ဒီကအသည်းကွဲလေဒီ မမဂျန်းရဲ့ Ban နဲ့တွေ့ခဲ့လို့ sorry နော်အချစ် အချစ်မောသွားရင်"
Hana စကားကြောင့် Jenက " နင်ရော တွေ့လိုက်တာလား။ သူပြောင်းလဲ သွားပြီဟာ..."
Hana: " ဟဲ့ ငါပြော"
Hanaနဲ့ အပြိုင် Yukiဆီက စကားသံထွက်လာလို့ Hana ပြောလက်စ ရပ်လိုက်တယ်။
Yuki: " ဪ သိပြီ ကမ်းခြေမှာတွေ့ခဲ့တဲ့ တစ်ယောက်။ Oppa type ကြီးနဲ့။ ဘေးမှာလည်းကောင်မလေးနှစ်ယောက်နဲ့"
"ဘာ!"
Yuki ပြောတဲ့စကားလည်း ဆုံးရော Jenမှာ ငိုချက်လျက်လက်တို့ဖြစ်သွားပြီး တအီးအီးနဲ့ ငိုပါလေရော
YOU ARE READING
Past relationship (U+Z)[Completed]
Fanfiction(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jennie Kim ကို အရမ်းချစ်ပေမယ့် မတော်တဆမှုကြောင့် မှတ်ပါမမှတ်မိတော့တဲ့ Lalisa manoban (ဒီFic ကိုတော့ သဝန...