3

4.9K 374 3
                                    

ကားပေါ်မှာလည်း အဂျန်းမက မွှေပါတယ်။

"Banစုတ် Lalisa manobanအစုတ်ပလုတ်ကောင် ဒီကုန်တဲ့အထိ ငါ့ကိုဆက်သွယ်ရင် သေခန်းပြတ်ဘဲ" လို့ အော်ပြောနေရင်းကနေ

"အီးဟီးဟီး ငါကတော့ ချစ်လိုက်ရတာ အဲ့လူဆိုးကောင်က ငါ့ကို အဖတ်လည်းမလုပ်ဘူး။ ပစ်ထားတယ်။" ဆိုပြီး ထငိုပါတယ်။

Hana& Yuki " ငမူးမရယ် ပြန်အိပ်ပါတော့ အိပ်အိပ် Lisa က အလုပ်များနေလို့နေမှာပါ အိပ်လိုက်တော့"
Jennie လည်း တစ်ဖန်ပြန်လည် အိပ်စက်ခြင်းဆီသို့...

Jen ပြန်အိပ်ပျော်သွားမှဘဲ Hana တို့နှစ်ယောက် Jen အိမ်ကို နားအေးပါးအေးလိုက်ပို့ရတော့တယ်။

Time skip

မိုးလင်းတော့ Jen တော်တော် ခေါင်မူးနေပြီဖြစ်သည်။
"အ အားဂျီးမား အားဂျီးမား" Jen အိမ်အကူအဒေါ်ကြီးကို အော်ခေါ်လိုက်ပြီး ခနကြာတော့ အားဂျီးမားက အခန်းထဲဝင်လာတယ်။

"အမူးပြေစွပ်ပြုတ် ယူလာပေးတယ် မမလေး။ သောက်လိုက်နော်။" လို့ပြောတော့ Jen က
"Nae ကျေးဇူးပါ အားဂျီးမား ဒါနဲ့ မမလေးလို့မခေါ်ပါနဲ့။ Jen လို့ဘဲခေါ်နော်" လို့ပြောလိုက်တယ်။

အားဂျီးမား ပြန်ထွက်သွားပြီးတော့ Jen စွပ်ပြုတ်ကို ပူတုန်းလေးသောက်လိုက်တယ်။.

" အား အခုမှ ခေါင်းမူးတာ သက်သာသွားတော့တယ်"

Jen ရေချိုးဖို့လုပ်နေတုန်း Jenရဲ့ အမေက အခန်းထဲ ဝင်လာတယ်။

" သမီးလေး ညက နောက်ကျတယ်နော်။ သူငယ်ချင်းတွေ လာပို့ရတာ အားနာစရာကြီး။ နောက်အရက်ကို အဲ့လောက်မသောက်ပါနဲ့"

"ဟုတ် Omma Jen နည်းနည်း စိတ်ညစ်စရာရှိလို့ပါ"

"ရည်းစားကိစ္စလားသမီး"
"အာ Omma ကလည်း"

"ကြည့် ကြည့်ရှက်နေပြီ။ တော်ပါပြီ မာမီမမေးတော့ဘူး အခုရေချိုးမလို့မဟုတ်လား ချိုးချိုး နေ့လည်ကျ မာမီ ဝယ်စရာလေးရှိလို့ shoppingတူတူ သွားကြမလား"

" ဟီး ဟုတ် သမီးလည်း ဝယ်စရာတွေရှိနေတာ"

" ကောင်းပါပြီရှင်။ ဒါဆို Omma စောင့်နေမယ်နော် သမီး ပြင်လို့ပြီးရင် ဆင်းလာခဲ့"

Past relationship (U+Z)[Completed]Where stories live. Discover now