14

4.7K 349 0
                                    

*Unicode *

At Hospital,

ယောင်းငယ်သတိရလာတာ ဒီနေ့ပါဆို ၂ရက်ရှိပါပြီ။ တော်တော်လည်းသက်သာလာပြီ။ စကားလည်းပြောနေပြီ။

Soo ရဲ့တောင်းဆိုမှုကြောင့် သားအိမ်ထုတ်လိုက်ရတဲ့ ကိစ္စကိုတော့ ဘယ်သူမှ မပြောပြကြပါဘူး။

နေကောင်းကာစဆိုတော့ စိတ်ထိခိုက်သွားမှာ စိုးရိမ်ကြတယ်လေ။

ကားတစ်စီးလုံးဝင်တိုက်ထားတာဆို ပတ်တီးတွေ ချုပ်ရိုးတွေကိစ္စကို ယောင်းကလည်း မထူးဆန်းလို့ထင်ပါရဲ့။ ထွေထွေထူးထူးကြီး သိပ်မမေးဘူး။

Lisaကတော့ ဟိုပြေးဒီပြေးပေါ့။ အစစအရာရာ သူတစ်ယောက်ထဲ ကားတစ်စီးနဲ့ ဒိုင်ခံပြေးလုပ်ပေးနေတာ။

ဒီနေ့က ရာသီဥတုတော်တော်သာယာတယ်။

ယောင်းငယ်က လေကောင်းလေသန့်ရှူချင်တယ်ဆိုလို့ ဝှီးချဲလေးပေါ်တင်ပြီး Soo ဆေးရုံရှေ့က ပန်းခြံငယ်လေးဆီခေါ်လာခဲ့တယ်။

လမ်းလျောက်နိုင်ပေမယ့် ဒဏ်ရာအချို့ကမကျက်သေးတာကြောင့် Soo က ယောင်းငယ်လေးနာမှာစိုးလို့ ဝှီးချဲကိုသုံးတာပါ။

(ဒီက လည်း အချစ်ခံချင်တယ်လေ အော်)

Soo ရဲ့မိဘတွေက လိုအပ်တာပြန်ယူဖို့ lisaရဲ့အိမ်ကို ခနပြန်သွားတယ်လေ။ ညနေကျပြန်လာကြမယ်တဲ့။ Soo ကတော့ ယောင်းအနားကနေမခွာပါဘူး။

"Unnie "

"ယောင်းလေး တစ်နေရာရာ အဆင်မပြေလို့လား"

"ယောင်းလေ အရမ်းကြောက်ခဲ့တာ" Unnie နဲ့ နောက်တစ်ကြိမ်ထပ်မတွေ့ရဘူးထင်ပြီး"

ပြောရင်းနဲ့ မျက်ရည်ဝဲလာတဲ့ကလေးကို Soo ချစ်မဝဖြစ်ရပါတယ်။ ယောင်းရဲ့ ကိုယ်လေးကို သိုင်းဖက်ပြီး

" မတွေးနဲ့တော့နော်။ အာရီဂူး Unnie ရဲ့ ယောင်းငယ်လေးက ကလေးလေးတစ်ယောက်ကို ကယ်ခဲ့တာတဲ့လား။ ဘယ်တုန်းက အဲ့လောက်ကြီးသွားတာတုန်း။"

"ပြီးတော့ ယောင်းပြောစရာရှိသေးတယ်"

"ပြောလေ ကလေးငယ်ရ"

ဖက်ထားတာကိုလွှတ်ပေးပြီး မျက်နှာချင်းဆိုင်မှာ Soo ​ပြောင်းထိုင်လိုက်တယ်။

Past relationship (U+Z)[Completed]Where stories live. Discover now