13

4.4K 331 0
                                    

*Unicode *

Lisaအိမ်က အလုပ်သမားတွေလည်း ခြံပြင်ကို ထွက်လာကြတယ်။

သွေးတွေနဲ့လဲနေတဲ့ Chaeyoung ကို မြင်တော့

" ဟေ့ ဟေ့ မမလေးနှစ်ယောက်ဆီ ph ဆက်ကြ မြန်မြန်"

ဆေးရုံရဲ့ ခွဲစိတ်ခန်းရှေ့မှာ စိတ်ပူပန်မှုတစ်ပုံတပင်နဲ့ ငိုနေကြတဲ့ မိန်းကလေးနှစ်ယောက်

" ယောင်း အဆင်ပြေမှာပါ။ lisaတို့ ယုံပေးကြရအောင်လေ။ သူပြန်လာမှာပါ"

ကိုယ်တိုင်က ဝမ်းနည်းနေပေမယ့် Unnie Soo က ပိုခံစားနေရမှာသိတာကြောင့် Lisaလည်း တတ်သလောက်မှတ်သလောက်နှစ်သိမ့်ပေးနေလိုက်တယ်။

Unnie Soo ရဲ့ အိမ်ကိုလည်း lisaဘဲ အကြောင်းကြားပေးရတယ်။

Unnie မိဘတွေက ချက်ချင်းဘဲ မီတဲ့လေယာဥ်နဲ့ထွက်လာနေပြီ။ ညနေကျရင်တော့ ဒီကို ရောက်လာလောက်တယ်။

Lisaတွေးနေတုန်း Operation ခန်းထဲကနေ ဆရာဝန်နဲ့ nurse တစ်ယောက် ထွက်လာခဲ့တယ်။

" ဆရာ ကျွန်မ သူငယ်ချင်းအခြေအနေ ဘယ်လိုရှိလဲ" Unnie Soo က ခုံပေါ်မှာ စိတ်နဲ့လူနဲ့မကပ်ဘဲ ငေးငေးလေးထိုင်နေတာမို့ lisaဘဲ Dr ကို ယောင်းရဲ့အခြေအနေမေးရတယ်။

"ပြောရမှာတော့ စိတ်မကောင်းပါဘူး။ လူနာက လွင့်သွားတဲ့ အရှိန်ရယ် ကားလမ်းနဲ့ ဆောင့်တဲ့အရှိန်ရယ်ပေါင်းပြီး ခေါင်းနဲ့ ဗိုက်က တော်တော်ထိခိုက်သွားပါတယ်။"

"ရှင်"

"အခုက လူနာရှင်တွေနဲ့ လာတိုင်ပင်တာပါ။ ခေါင်းထက်ကို ဗိုက်ကဒဏ်ရာ ပိုပြင်းပါတယ် အဓိကက သားအိမ်ပါ။ ဆိုးဆိုးရွားရွားထိခိုက်သွားတာမို့ လူနာရှင်ဘက်က သဘောထားလေးသိချင်ပါတယ်။ Dr အနေနဲ့ကတော့ သားအိမ်က ထုတ်ပစ်လိုက်တာပိုပြီး အန္တရာယ်ကင်းတဲ့အနေအထားမှာရှိပါတယ်ဆိုတာမှတ်ချက်ပေးချင်ပါတယ်"

Lisa ခုံမှာအားလျော့ပြီးထိုင်နေတဲ့ Unnie Soo ကို ကြည့်လိုက်တယ်။

ဒီကိစ္စကြီးကျတော့ သူ့အနေနဲ့ ဝင်ဆုံးဖြတ်လို့ရတဲ့အနေအထားမဟုတ်ဘူးလေ။သူစိတ်မကောင်းဖြစ်သွားတာတော့ အသေအချာပါပဲ။

Past relationship (U+Z)[Completed]Where stories live. Discover now