18

4.8K 340 0
                                    

*Unicode *

"ချာတိတ်ရော ကို့ကို ဘယ်လိုသဘောထားလဲ။"

"လူကြီးက ချစ်ဖို့ကောင်းပါတယ်။" (နည်းနည်းမူပါဦး အချေဂျန်းရဲ့)

"ဘာလူကြီးလဲနော် အသက်လေး ၂နှစ်ကျော် သုံးနှစ်လေးကြီးတာကို ဟွန့် ရည်းစားမဖြစ်သေးလို့ အခေါ်ခံနေတာ လူကြီး လူကြီးကို တစ်ခါကြားတိုင်းကိုယ့်ကိုကိုယ် အိုနေပြီလားဆိုပြီး အိမ်ရောက်တာနဲ့ skin တွေ ထထcare ရတယ်။"

"ခစ်ခစ် လူကြီးက အရူး"

"ဟုတ်ပါပြီ ဒီလူကြီးကို ချစ်လားပြော။"

မျက်နှာကြီး စူပုတ်ပြီး အဖြေတောင်းနေတဲ့ Lalisa manoban ဆိုတဲ့ လူသားကို Jen အင်မတန်အသည်းယားလာတာကြောင့်

" ရွှတ် "

ပါးထက်က ပူနွေးအထိအတွေ့တစ်ခုနဲ့အတူ ရည်းစားဆိုလို့ မူးရင်ရှူစရာမရှိခဲ့ဖူးဘဲ Lisa မျက်နှာဟာ ခရမ်းချဥ်သီးလို ရဲတွတ်သွားရပါတယ်။

" ဟားဟား အသည်းယားလို့။ Lalisa manoban က ရှက်နေတယ်ဗျို့ ဟားဟား ခစ်ခစ်ခစ်။"

ပြောရင်း Jen က ထပြေးတာမို့ Lisa ပြေးလိုက်ရတယ် ။

" ဟေ့ လာခဲ့စမ်း။ လူကို လုပ်ချင်တာလုပ်ပြီး ထွက်ပြေးမလို့လား။ "

Lisa က Jen နောက်ကိုလိုက် Jen က ထွက်ပြေးနဲ့ အဲ့နေ့ရဲ့ ဟန်မြစ်နံဘေးက နေရာလေးဟာ ကောင်မလေးနှစ်ယောက်ရဲ့ ရယ်သံလွင်လွင်လေးတွေနဲ့ နေဝင်ဆည်းဆာအောက်မှာအရမ်းကို ကြည့်ကောင်းတဲ့ ပန်းချီကားလေးလို လှလွန်းနေတယ်။

"Lalisa manoban အဲ့မှာရပ်"

Jen အော်ပြောတာမို့ Lisa ရပ်လိုက်တယ်။

" နားထောင် Ban ဆိုတဲ့ လူကြီး"

"အံမယ် Ban တဲ့"

"မကြိုက်ဘူးလား မရဘူးနော် လူကြီးမကြိုက်လည်း Jen ကြိုက်တယ် အဲ့လိုဘဲခေါ်မှာ"

" အင်းပါ ကြိုက်ပါတယ် Jenဆိုတဲ့ ချာတိတ်လေးရဲ့"

" သေချာနားထောင်နော်။ ဟောဒီက Jen ရဲ့ နှလုံးသားကို Ban က ခိုးထားတာကြာနေပြီ ပြန်ပေးသေးဘူးလား"

Past relationship (U+Z)[Completed]Where stories live. Discover now