25

6K 349 15
                                    

*Unicode*

Lisa: " ကို့ကိုစိတ်ဆိုးနေတာလား။ "

Jen: " ဆိုးတယ် ဆိုးတယ် လူဆိုးကြီး လူကိုလည်းမေ့ထားတယ်။ သူငယ်ချင်းနဲ့လည်းပေးစားတယ် မတည့်ဘူး သွား"

(ဘယ်သူမဆို ကိုယ့်ကိုချစ်တဲ့သူကို ချွဲချင် ဆိုးချင်တာပဲလေ။ ဘယ်လောက်ဆိုးဆိုးပစ်မသွားမယ့် ရင်ခွင်ဆိုတာလည်း တကယ်ရှိမှာပါ။)

Lisa: " ကလေးဆိုးကြီးကွာ။ ပြော ကို ဘယ်လိုချော့ရမလဲ၊ အပြင်လိုက်ပို့ပေးရမလား ၊ Jen လေးကြိုက်တဲ့ milk အရသာ ရေခဲမုန့်ဝယ်ကျွေးမယ်လေ နော်"

Jen: "လေပေါကြီး ကိုယ့်ခြေထောက်လည်း ကိုယ်ပြန်ငုံ့ကြည့်ပါဦး စူပါမန်းလိုလို ဘာလိုလိုနဲ့ ဖန်စတွေ တက်နင်းရလား အရူး"
ပြောရင်း Jen လက်က Lisa ပေါင်ကို ဗက်ခနဲ့ရိုက်လိုက်တယ်။

" အား" တမင် အိုဗာတင်းမှန်းသိသာသောအသံ

Jen ကတော့ အော်သံကြောင့်စိတ်ပူပြီး

" ဘာဖြစ်သွားတာလဲ နာသွားလား" ဆိုပြီး ပြာပြာသလဲ ထစိတ်ပူ

Lisa ကတော့ ခိုးပြုံးတာပေါ့ သူတမင်အော်လိုက်တာလေ။

"အာဘွားပေး"

"ဘာပြောတယ်"

"အာဘွားပေးလို့ လုပ်ပါ အာ့ဆို မနာတော့ဘူး"

ပြောရင်း ပြုံးစိစိဖြစ်နေတဲ့ Lisa မျက်နှာကြောင့် jen သဘောပေါက်သွားပါတယ်။ မျက်နှာလေးရဲပြီး

" Banစုတ် လိပ်ကြီး "

"ကိုက လွမ်းနေလို့ပါနော်" ပြောရင်း Jen ကို အနားလာခိုင်းပြီး ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တယ်။

အကောင်ပေါက်လေးက သူ့ရင်ခွင်ထဲမှာ တကယ့် ပိစိလေး၊ ကလေးလေးလိုဘဲ။ သူ မြတ်နိုးစွာနဲ့ ရင်ခွင်ထဲက ပိစိရဲ့ နဖူးလေးကိုနမ်းလိုက်တော့

" အီးဟီးဟီး "
ရင်ခွင်ထဲ မျက်နှာဝှက်ပြီး ထငိုနေတဲ့ အသေးလေး​ကြောင့် Lisa ပြာယာခတ်သွား

" ဘာဖြစ်တာလဲ ကလေးငယ်၊ ချာတိတ်ရေ ကိုမေးနေတယ်လေ။" နာမည်ပေါင်းစုံခေါ်ပြီး မေးရော

Past relationship (U+Z)[Completed]Where stories live. Discover now