6

4.5K 350 2
                                    

*Unicode *

နောက်တစ်နေ့ မိုးလင်းတော့ Kim Jisoo က သူ့ရုံးမှာ အရေးပေါ်ကိစ္စရှိလို့ မနက်စာတောင်မစားတော့ဘဲ အိမ်ကနေရုံးကိုတန်းသွားလိုက်ရတယ်။

Lisaကတော့ စာမူတစ်ဝက်ကျန်နေတာကို ဆက်ရေးနေတယ်။ ထူးဆန်းတာက အတိတ်ကို အသေအချာသာ လုံးစေ့ပတ်စေ့မမှတ်မိတာ စာရေးတာတွေ အလုပ်ကိစ္စတွေကတော့ လုပ်ရတာ အဆင်ပြေပြေပါပဲ။

မရှင်းတာရှိရင်လည်း အန်ကယ်ယူကိုမေးလို့ရတော့ ပိုအဆင်ချောနေတာ။ ပညာတော်သင်ကိစ္စပြီးရင်တော့ "LILI Group " ကို ဦးစီးတော့မယ်လို့ဆုံးဖြတ်ထားတယ်။

နေ့လည်အထိ Unnie Soo ပြန်မရောက်ဘူး။ Chaeyoung ကတော့ ရုပ်ရှင်ကြည့်ရင်းမုန့်စားနေတယ်။

Lisaက အချောသတ်ပြီးသွားတဲ့ စာတွေကို သေချာfile အလိုက်ခွဲပြီး အန်ကယ်ယူပြောပြထားတဲ့ E.mail ဆီ ပို့လိုက်တယ်။

Lisa က လူလုံးထွက်မပြလို့ စာပေတိုက်ကတောင် SKY ဘယ်သူမှန်းမသိဘူးတဲ့လေ။ စာမူတွေကိုလည်း Lisaဘက်က Mail ကနေဘဲပို့နေကြတဲ့။ "LILI Group " ရဲ့ ဆက်ခံသူမှန်းသာသိရင်တော့ Lisa ရဲ့စာအုပ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဆယ့်ခြောက်ခါလောက် အကြိမ်ကြိမ်ပြန်ပုံနှိပ်ပြီး ထုတ်နေမှာ "LILI Group ရဲ့ CEO ရေးတဲ့စာအုပ်"ဆိုပြီး marketing skill တွေ ဇွတ်ပြပြီး

အားလုံးပြီးသွားလို့ အပြင်ထွက်လာတော့ Chaeyoung နဲ့ အိမ်တော်ထိန်းကြီးက ထမင်းစားခန်းမှာ အဖွဲ့ကျနေကြတယ်။ တစ်ခုခုချက်ဖို့ပြင်နေကြကတည်းက Chaeyoung ဗိုက်ဆာလို့ အိမ်တော်ထိန်းကို ပူဆာနေတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူးမှန်း lisaသိလိုက်တယ်။ တော်တော်စားနိုင်တဲ့ စိန်ဖောင်းမ

"ဟေ့ ချယ်ယောင်း"

"Omm ဘာတုန်း"

" ငါ အပြင်သွားလိုက်ဦးမယ်ဟေ့ ကိစ္စရှိလို့"

"တစ်ယောက်ထဲလား"

"ရပါတယ် ငါ ကားပြန်မောင်းနိုင်ပါပြီ"

"အေးပါ ဂရုစိုက်ဦး"

နှုတ်ဆက်ပြီးတော့ ဆင်ဝင်အောက်မှာရပ်ထားတဲ့ကားနှစ်စီးရယ် ဂိုထောင်ထဲက ကားတွေရယ်ကို မျက်စိတစ်ချက်ဝေ့ပြီး ကြည့်လိုက်တယ်။ ' ငါက အဝါ တော်တော်ကြိုက်တာဘဲ' လို့ တွေးမိသည်အထိ အစီးတိုင်းနီးပါး အဝါလေးတွေ။

Past relationship (U+Z)[Completed]Donde viven las historias. Descúbrelo ahora