*Unicode *
Lisa လည်း အန်ကယ်ယူနဲ့ ph ပြောပြီးတော့ Jen လေးဆီ ph ခေါ်လိုက်တယ်။ ph မအားသေးပါတဲ့လေ။ ဒီကလေး ဘယ်သူနဲ့များပြောနေတာပါလိမ့်။
ခနကြာတော့ Jen ဘက်က ph ပြန်ဆက်လာတယ်။ ပုံမှန်အတိုင်း သမီးရည်းစားတွေ တီတီတာတာပြောကြဆိုကြပေါ့။ Jen က " လူကြီးကို အရမ်းချစ်တယ် " " Ban ရေ ချစ်တယ် " ဆိုတဲ့ စကားကို ခါတိုင်းထက်ကို အကြိမ်အများကြီးသုံးနေတာ Lisa သတိထားမိတယ်။ တစ်ခုခုဖြစ်နေလား မေးတော့လည်း မဖြေဘူး။ အားတဲ့နေ့ တူတူလျောက်လည်ဖို့ချည်းဘဲ ဇွတ်ပြောနေတယ်။
" ကောင်းပါပြီ ကလေးပိစိရ ကလေးရဲ့ စာမေးပွဲပြီးရင် လျောက်လည်ကြမယ်လေ။ ပြီးတော့ မနက်ဖြန် ကျောင်းစောစောလာပါလား။ မနက်စာတူတူစားရအောင် ကိုလွမ်းနေပြီ"
တကယ်တော့ Lisa က လွမ်းလည်းလွမ်း စိတ်လည်းပူနေတာပါ။ Jen အသံကိုနားထောင်ရတာ တခုခုဖြစ်နေတယ်လို့ ခံစားနေရလို့။
မနက်ကျတော့ Lisa သူ့ရဲ့ လက်စွဲတော် Audi အဝါလေးနဲ့ Jen ရဲ့ ကျောင်းကို အရင်ထွက်ခဲ့တယ်။
ဟိုကိုရောက်တော့ Jen လေးက မရောက်သေး။ ကားပါကင်မှာစောင့်နေတုန်း ကျောင်းစောစောလာတဲ့ SKY ရဲ့ ပရိတ်သတ်တွေနဲ့တွေ့တော့ Lisa လက်မှတ်ထိုးပေးနေရသေး။နာရီဝက်လောက်ကြာတော့ Jen ရောက်လာတယ်။ အရင်ကလို ပြုံးပြုံးရွှင်ရွှင်ဆိုပေမယ့် တစ်ခုခုကြောင့် ပင်ပန်းနေသလိုဘဲ။
Lisa: " ကလေး တစ်ခုခုဖြစ်နေတာလား"
Jen: " မဖြစ်ပါဘူး လူကြီးရ ဘာလို့လဲ "
Lisa: " ကလေးမျက်နှာ နည်းနည်းနွမ်းနေသလားလို့"
Jen: " Ban စိတ်က ထင်လို့နေမှာပါ။ Jen က အေးဆေးပါဘဲ" ကော်ဖီသောက်ရင်း ပြောင်စပ်စပ်လုပ်ပြတဲ့ Jen ကြောင့် Lisa စိတ်နည်းနည်းအေးသွားတယ်။
Jen's pov: ' Ban ကို ဘယ်လိုပြောရမှာလဲ။ ငါပကိုယ်တိုင်လည်း ဒီလူကြီးနဲ့မှ မဝေးချင်နေတာ။ ပြန်အဆင်ပြေတာဖြင့်မကြာသေးဘူး။ ငါ့မှာ အလွမ်းတောင် အပြည့်အဝမပြေသေးဘူး။ Appa ကရော ဘာလို့ ရုတ်တရက်ကြီးလဲ၊ ဘာလို့လဲ ဘာလို့ ငါ့ကိုပေးမပျော်ကြတာလဲ။ ငါက ပျော်ရွှင်ဖို့ မထိုက်တန်ဘူးလား။ အားးး သေသာ သေလိုက်ချင်တယ်'
YOU ARE READING
Past relationship (U+Z)[Completed]
Fanfiction(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jennie Kim ကို အရမ်းချစ်ပေမယ့် မတော်တဆမှုကြောင့် မှတ်ပါမမှတ်မိတော့တဲ့ Lalisa manoban (ဒီFic ကိုတော့ သဝန...