8

4.3K 321 0
                                    

*Unicode *

အဲ့နေ့က အမှုစစ် Kim Jisoo တစ်ယောက် ရုံးမှာ အမှုတွဲတစ်ခုကို လက်စသတ်နေရင်း အတော်ပင်အချိန်လင့်မှ ရုံးကနေ အိမ်ပြန်လာခဲ့ရတယ်။

Soo က တစ်ယောက်ထဲနေတဲ့တစ်ယောက်ထဲသမား။

အလုပ်ဝင်ကတည်းက မိဘတွေနဲ့က အိမ်ပြန်နောက်ကျရင် ခနခနဆို အဆင်မပြေနိုင်တာမို့ Jisoo က ကိုယ့်ဘာသာ အိမ်ခွဲနေနေတာဆိုတော့ တော်တော်တောင်ကြာပါပြီ။

ဘယ်အချိန်ပြန်ပြန် ဆူမယ့်သူမရှိတော့ အေးဆေး။

သီချင်းလေးဖွင့်ပြီး ကားမောင်းလာရင်း ညစာကို ခေါက်ဆွဲဘူးနဲ့ဖြေရှင်းဖို့ တွေးလိုက်တော့ အိမ်မှာကုန်နေတာသတိရသွားတယ်။

အာ့နဲ့ဘဲ အိမ်နားမရောက်ခင်လေးမှာရှိတဲ့ 24hr ဖွင့်တဲ့ဆိုင်လေးရှေ့မှာ ကားကိုရပ်လိုက်တယ်။ ဆိုင်ရှေ့မှာတော့ မီးရောင်နဲ့လင်းနေပေမယ့် Jisoo ကားရပ်လိုက်တဲ့နေရာတော့အလင်းကမှိန်ပြပြလောက်ဘဲရောက်ပါတယ်။ ကားတံခါးဖွင့်ပြီး ကားပေါ်က အဆင်း

" ဘုတ်! အင့်!"
ခပ်ပြင်းပြင်းဝင်တိုက်ခံရခြင်းနဲ့အတူ ရင်ခွင်ထဲ ပြိုဆင်းလာသော မိန်းကလေး

ရုတ်တရက်ကြီးဆိုပေမယ့် ကျင့်သားရနေတဲ့ခန္ဓာကိုယ်ကတော့ အနှီဆံပင်ရွှေရောင်နဲ့ကောင်မလေးကို မြေပေါ်မကျခင် ရင်ခွင်ထဲဆွဲ​ပွေ့ ထားနိုင်ခဲ့ပါတယ်။(အမှုစစ်တွေကောင်းတယ် ရှယ်ပဲ )

"ကယ်... ကယ်ပါ" မောဟိုက်နေတဲ့အသံတိုးတိုးလေးနဲ့အတူ ငြိမ်ကျသွားသောကောင်မလေး)

ရုတ်တရက်ငြိမ်သွားတော့ Jisoo လည်းလန့်သွားတယ်။

" ဟေ့ ဟေ့ "
လည်ကျသွားသော ခေါင်းကိုဖမ်းထန်းလိုက်ခြင်းနဲ့အတူ စေးကပ်ကပ်အထိအတွေ့

"ဟာ သွေးတွေ"

Jisoo လည်း ကောင်မလေးကို ကားပေါ်ပွေ့တင်ပြီး ဆေးရုံကို အမြန်မောင်းလာခဲ့လိုက်တယ်။(အရပ်ကို ခနလျစ်လျူရှုပေးကြပါ။ ပလိစ်)

စကားမေးတောင်မရတော့တဲ့ကောင်မလေးကို သူတကယ်စိတ်ပူပါတယ်။ ပြီးတော့ မီးရောင်ခပ်ပြပြမှာ မြင်လိုက်ရတဲ့ မျက်နှာလေးက သူ့ရင်ထဲမှာအမျိုးအမည်မသိတဲ့အရာတစ်ခု ဖြတ်ပြေးသွားအောင်လုပ်နိုင်စွမ်းရှိနေတယ်။(အမှုစစ်ရေခဲတုံးကြီး စပြီးအရည်ပျော်တော်မူပါပြီ)

Past relationship (U+Z)[Completed]Where stories live. Discover now