19

4.7K 346 4
                                    

* Unicode *

Jen လည်း ပြောရတာမောသွားလို့  ရှေ့မှာရှိတဲ့ cola လေးကို တစ်ကျိုက်ထဲ မော့ချလိုက်ရတယ်။

Yuki:  "ဟဲ့ ပြီးတော့ရော "

Jen:  " ဒါပဲလေ ငါ ဒီကိုထွက်လာခင်အထိတကျက်ကျက်ပဲ။ ငါက အရင်လာရတာဆိုတော့   သူက လေဆိပ်လိုက်ပို့ပေးမယ်ပြောတယ်။ ငါမသွားခင်ညကလည်း ငါတို့ ph ပြောဖြစ်ကြသေးတယ်။ ဒါပေမဲ့ ငါ နယူးဇီလန်လာတဲ့မနက် သူလေဆိပ်ကို ရောက်မလာခဲ့ဘူးလေ။ အဲ့ကတည်းက အဆက်အသွယ်ပြတ်သွားလိုက်တာ အခု နင်တို့ ပြောမှ သူaccident ဖြစ်ခဲ့မှန်းသိရတာ။"

သူငယ်ချင်းတွေ အားလုံးကတော့ စိတ်မကောင်းကြဘူး။

ဘာလိုလိုနဲ့ စာပေဟောပြောပွဲနေ့ ရောက်လာခဲ့တယ်။

Lisa က Chaeyoung နဲ့အတူ ခန်းမအဝင်ဝမှာ ပေးထားတဲ့ကတိအတိုင်းဓာတ်ပုံရိုက်ခံနေရတယ်။ Unnie Soo က ရိုက်ပေးနေတာ။ ယောင်းကတော့ Lisa ရဲ့ လက်ကို ချိတ်ပြီး သွားတွေဖြဲလို့။

အဲ့အခြေအနေကို SKY ကို လာချောင်းကြတဲ့ Jen တို့ တစ်အုပ်စုလုံးတွေ့သွားပါတယ်။

Jen: " Ban က ဒီကို ဘာလာလုပ်တာလဲ မသိဘူး"
ကောင်မလေးတစ်ယောက်နဲ့ပါ တွဲတွေ့ရတော့ Jen ဝမ်းနည်းသလိုကြီးပါဖြစ်လာတယ်။

Hana: " အရှေ့က Unnie က ကမ်းခြေမှာ ငါနဲ့တွေ့ခါတဲ့ ငါတို့ ph ပြောကြတဲ့ Unnie လေ။ အဲ့Unnieလည်း ဒီကျောင်းကဆိုတော့ အဲ့ Unnie နဲ့ ပတ်သက်ပြီး လာတာနေမှာပေါ့။"

Yuki, Sam: " Jen ရေ နင့်လူက အပြင်မှာ ပိုချောတယ်။ နင့်လို ပုသေးသေးလေးနဲ့ ဟိုက ရှည်ရှည်ချောချောလေးက မလိုက်ဖက်လိုက်တာ။"
" အေးလေ ဟိုက Oppa type နဲ့ ခန့်ချောကြီး"

Jen: "Ya!"
ဝမ်းနည်းနေတဲ့ကြားက အစခံရတာဆိုပေမယ့်လည်း သူငယ်ချင်းတွေကို လိုက်ရိုက်ပြီး ပြုံးမိပါတယ်။

ထိုအခြေအနေကို မြင်သွားတဲ့ လူကတော့ Lisa

Lisa ဖက်ထုပ်ကို ကော်ရစ်ဒါထဲ ဝင်လာကတည်းက လှမ်းတွေ့ပါတယ်။ သူရည်းစားလားမသိဘူး တစ်ယောက်ရယ် သူ့သူငယ်ချင်းတွေရယ်တူတူ၊ ဘာတွေစနောက်ပြီး ပျော်နေကြလည်း မသိပါဘူး ဖက်ထုပ်က ပြုံးလို့။

Past relationship (U+Z)[Completed]Where stories live. Discover now