10

4.5K 347 1
                                    

*Unicode *

နယူးဇီလန်ကို စစရောက်ခြင်း ပထမအပတ်က Lisa အတွက် တကယ်ပင်ပန်းရသောပဲ။

ကျောင်းကိစ္စလုပ်ရ။ စာရွက်စာတမ်းတွေနဲ့တင်ရနဲ့။

ကြားထဲ စာပေတိုက်ကို နယူးဇီလန်သွားမယ့်အကြောင်း အလုပ်သဘောအရအကြောင်းကြားတော့ စာပေတိုက်ရဲ့ imformerတွေကနေတစ်ဆင့် အတွင်းသတင်းဆိုပြီး SKY က နယူးဇီလန်ရောက်နေတယ်ဆိုတာကြီးက internet မှာ ရှယ်ပြန့်သွားခဲ့တယ်လေ။

SKY ကိုတွေ့ချင်တဲ့ နယူးဇီလန်မှာရှိတဲ့ ပရိတ်သတ်တွေက လက်မှတ်ထိုးပွဲလုပ်ဖို့တောင်းဆိုနေကြတယ်။

Online က # တွေမှာလဲ SKY ဘဲ။ Twitter မှာဆို Trendingပါ ဝင်နေတယ်။

lisaရဲ့ E.mail addressတွေ ဆီလည်း ပရိတ်သတ်တွေ့ဆုံပွဲလုပ်ပေးဖို့ပြောနေတဲ့ mail တွေ ထောင်နဲ့ချီပြီးဝင်လာနေတယ်။

Lisa ရဲ့ စာအုပ်တွေက eng version နဲ့ ထုတ်ထားတာမို့ Lisaတစ်ဖြစ်လည်း SKY ဆိုတဲ့ လူသားမှာ နိုင်ငံအတော်များများကFanအတော်များများကို ပိုင်ဆိုင်ထားရတာဖြစ်သည်။

အခုလည်း မဖြစ်မနေ တွေ့ဆုံပွဲလုပ်မှရတော့မည်။

မသိချင်ယောင်ဆောင်ပြီးကျော်သွားရအောင်လည်း စာရေးဆရာတစ်ယောက်ရဲ့ နှလုံးသားက စာဖတ်သူပရိတ်တွေကို အလေးအနက်မထားဘဲနေမှမနေနိုင်တာ။

နောက်ပြီး Lisa လည်း ကျောင်းပြီးလို့ Companyဝင်ရတဲ့အခါကျရင် စာရေးတဲ့ဘက်ကို သိပ်အချိန်ပေးနိုင်မှာ မဟုတ်တော့ဘူးလေ။

အဲ့တော့ ပရိတ်သတ်တွေ ကျေနပ်အောင် သူအတတ်နိုင်ဆုံး လုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်။

လူလုံးထွက်ပြဖို့လည်း အချိန်အခါက သင့်တော်နေပါပြီ။

အန်ကယ်ယူနဲ့ တိုင်ပင်တော့လည်း
"LILI Group" ကို ဦးဆောင်ဦးစီးမယ့် Lisaအတွက် ကောင်းမွန်တဲ့ image တွေထဲကို စာရေးရောဆိုတဲ့ဂုဏ်က လူသိရှင်ကြား တစ်ခုပိုတိုးသွားတာပေါ့တဲ့။

မကြာခင်တွေ့ကြမယ် Fanလေးတွေရေ....

လောလောဆယ်တော့ ရှေ့လရဲ့ အဆင်ပြေတဲ့ရက်တစ်ရက်ကို ကြေညာပေးမယ်ဆိုပြီး Lisaတစ်ယောက် သူ့ရဲ့ SKY နာမည်နဲ့ဖွင့်ထားတဲ့ acc မှာတင်ထားရတယ်။

Past relationship (U+Z)[Completed]Where stories live. Discover now