*Unicode *
အဲ့ညက Lisaတို့အားလုံး Unnie Jisooရဲ့ အမေအိမ်မှာ ညစာစားကြတယ်။ မနက်ဖြန်ဆို နယူးဇီလန်ဆီ တစ်နှစ်နီးပါးသွားနေတော့မှာမဟုတ်ပါလား။
Uncel U ကိုပါခေါ်ပြီး အတူတူမိတ်စုံစားဖြစ်ကြတယ်။ Jisoo အဖေနဲ့ Uncle U နဲ့ကလည်း လုပ်ငန်းနယ်ပယ်မှာ အတော်ရင်းနီီးပြီးသားလူတွေဆိုတော့ လူကြီးတွေ လေပေးဖြောင့်နေကြတယ်။
စားသောက်ပြီးတော့ ဧည့်ခန်းမှာ စကားပြောကြတယ်။
Jisooက သေးသေးရှည်ရှည် Lisaကို "LILI Group" ရဲ့ ဆက်ခံသူလို့ သေချာပြန်မိတ်ဆက်ပေးတော့ Jisooရဲ့ အဖေက လုပ်ငန်းကြီးတွေရဲ့သဘောသဘာဝတွေ အပြိုင်အဆိုင်တွေအကြောင်းရှင်းပြနေတယ်။
အခုတော့ Uncle U ရယ် ၊ Soo ဖေဖေရယ်၊ Lisa ရယ် သုံးယောက်က အဖွဲ့ကျကာ လုပ်ငန်းအကြောင်းတွေဆွေးနွေးနေကြပါပြီ။
ထုံးစံအတိုင်း ရှယ်ယာအကြောင်းတွေ စျေးကစားတာတွေ အကြောင်းပြောနေကြတယ်။
Lisa က Groupကို သူ ဦးစီးရင် ထပ်တိုးချဲ့မယ့် လုပ်ငန်းတွေအကြောင်းပြောပြီး လူကြီးတွေဆီကအကြံဉာဏ်တောင်းနေတယ်။
Soo အဖေက စားသောက်ကုန်တွေဘက်မှာ company တွေပိုင်တာသိရတော့ lisa က သူရှယ်ယာဝင်ချင်တယ်ဆိုတာချည်းပြောနေတယ်။
LILI Group က အလုပ်ပေါင်း တစ်သောင်းခြောက်ထောင်အပြင် စားသောက်ကုန်ဘက်ကိုပါ lisaက ခြေဦးလှည့်ချင်နေတာ။
Soo အဖေကတော့ ကြိုးစားချင်တဲ့ လူငယ်တွေဆို တအားသဘောကျတတ်တာမို့ Lisaတို့နဲ့ စကားကောင်းနေရင်းသဘောတွေကျလို့။
Soo တို့ကတော့ အမေ့ကို အပီကပ်ချွဲနေတယ်။ အမေကတော့ Soo နဲ့ယောင်းနဲ့ကို ခေါ်ပြီး သူများနိုင်ငံမှာဘယ်လိုဘာညာဆုံးမနေတယ်။ သူသမီးနဲ့ချွေးမကို ကလေးပိစိတွေထင်နေလားမသိ။
ပြီးတော့ ယောင်းကြိုက်တဲ့ ဆန်မုန့်တွေရယ် ဂင်ချီရယ်ကို ပုံးလိုက်ကြီးသယ်သွားခိုင်းတယ်။ Soo က မယူသွားတော့ဘူးလုပ်ပေမယ့် ယောင်းက မရဘူးယူမယ်ချည်းဘဲ။
"မေမေပင်ပင်ပန်းပန်းလုပ်ထားတာ Soo မစားရင် ယောင်းစားမယ်"ဆိုပြီး အော်နေလို့ Soo ကားပေါ် မုန့်တွေ့တင်ပေးလိူက်ရတယ်။ အမေကတော့ သဘောကျပြီးရယ်နေတယ်။
BINABASA MO ANG
Past relationship (U+Z)[Completed]
Fanfiction(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jennie Kim ကို အရမ်းချစ်ပေမယ့် မတော်တဆမှုကြောင့် မှတ်ပါမမှတ်မိတော့တဲ့ Lalisa manoban (ဒီFic ကိုတော့ သဝန...