*Unicode *
ယောင်းအခန်းထဲရောက်တာနဲ့ ခြေထောက်တွေကရပ်နိုင်စွမ်းတောင်မရှိတော့ဘူး။ ကမ္ဘာပျက်တယ်ဆိုတာ ဘာမှန်းမတိအကျမသိပေမယ့် ယောင်းအခု ခံစားနေရတာကြီးက တကယ်ဆိုးရွားလွန်းပါတယ်။
'ယောင်းကတကယ် တကယ်ကိုဘဲလား။ ကို့အတွက် ကလေးမမွေးပေးနိုင်တော့ဘူးပေါ့။ စိတ်ကူးတောင်သိပ်အများကြီး မယဥ်ရသေးခင် အားလုံးပြီးသွားပြီးလား။ ဟင့်အင်း မယုံချင်သေးဘူး။ မယုံနိုင်ဘူး မှားနေတာ Dr ပြောတာမှားနေတာ။ ဟုတ်တယ် ငါရှာရမယ် အခုချက်ချင်းရှာရမယ်။'
စိတ်ထဲယောက်ယက်တွေခတ်ပြီး ယောင်းတစ်ယောက် တစ်ခန်းလုံးကို မွှေနှောက်ပြီးရှာပါတယ်။ နာရီဝက်လောက်ရှာအပြီးမှာတော့.....
တွေ့ပါပြီ ယောင်းရဲ့ ဆေးရုံမှတ်တမ်းတွေ ခွဲစိတ်မှတ်တမ်းတွေ
ကြည့်ပါဦး သားအိမ်ထုတ်ရမယ့် သဘောတူညီချက်မှာ အုပ်ထိန်းသူနေရာက ကို့လက်မှတ်လေး...
မသိခဲ့ဘူး။ တကယ်မသိခဲ့ဘူး။ ဒီအတောအတွင်း တစ်ခါတလေ ကိုတစ်ယောက်ထဲ ခိုးပြီး သက်ပြင်းတွေချနေတာရော စိတ်မကောင်းရိပ်သမ်းနေတဲ့ မျက်ဝန်းတွေကို ယောင်းနဲ့မျက်လုံးချင်းဆုံမိတိုင်း ခနဖုံးကွယ်နေတာကိုရော...မေးလည်းမမေးခဲ့မိဘူး။ ကိုက ယောင်းကိုသိပ်ချစ်တာယောင်းသိတာပေါ့။ ယောင်းအတွက်လိုအပ်လို့ လုပ်ခဲ့ရတာကိုလည်း နားလည်ပါတယ်။
ယောင်း ပိုပြီး ဝမ်းနည်းရတာက ယောင်းကို မျှဝေခံစားခွင့်တောင်မပေးဘဲ ကိုတစ်ယောက်ထဲ ခံစားနေတဲ့အဖြစ်အပျက်ကြီးကိုဘဲ
" အား" စိတ်ခံစားမှု မြင့်တက်လာခြင်းနဲ့အတူ ယောင်းလက်က ပစ်ခွဲမိတာ ပန်းအိုးတစ်လုံး၊ နောက်ပြီး ဆက်တိုက်ဆိုသလို ဖန်ခွက်တွေ...နောက်ပြီး
အဲ့အချိန် ကျောင်းကပြန်ရောက်လာတဲ့ Jisoo
ဝုန်းဒိုင်းကျဲနေတဲ့အသံကြောင့် စိတ်ပူမှုတွေနဲ့ အခန်းထဲ ပြေးဝင်လိုက်ပေမယ့်
အခန်းထဲကို ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ကို တဒင်္ဂ ကြက်သေသေစေပါတယ်။
YOU ARE READING
Past relationship (U+Z)[Completed]
Fanfiction(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jennie Kim ကို အရမ်းချစ်ပေမယ့် မတော်တဆမှုကြောင့် မှတ်ပါမမှတ်မိတော့တဲ့ Lalisa manoban (ဒီFic ကိုတော့ သဝန...