7

4.5K 340 3
                                    

*Unicode *

At Korea

"အား မလာနဲ့ မလာနဲ့" အသံကြောင့် Jisoo လန့်နိုးသွားတယ်။ အခန်းမီးဖွင့်လိုက်တော့ ချွေးတွေရွှဲပြီး လန့်အော်နေတဲ့ကောင်မလေး။

"ယောင်းငယ် ယောင်းငယ် " စိုးရိမ်စိတ်တွေနဲ့နှိုးအပြီးမှာတော့ နိုးလာတဲ့ ယောင်းငယ်က Soo ရင်ခွင်ထဲဝင်ပြီးငိုတော့တယ်။
ကိုယ်လေးကကြောက်ပြီးတုန်လို့...ဖက်ထားပေးလိုက်ပြီးတော့
"ဘာမှမဖြစ်ဘူးနော် Unnie ရှိတယ်။ ရေသောက်မလား ကလေး "

"ဟင့်အင်း "

"ဒါဆို ပြန်အိပ်လိုက်နော်။ ဖက်ထားမယ် "
Jisoo လည်း ဖက်ထားပြီး တတ်သလောက်မှတ်သလောက်ချော့သိပ်နေတယ်။ ခနကြာတော့ ငြိမ်ကျသွားတဲ့ကောင်မလေး။
'မဖြစ်ပါဘူး မနက်ကျရင် ဆေးရုံထပ်သွားရမယ်'လို့ တွေးရင်း။

မနက်ရောက်တော့

"Morning Lisa"

"Morning Unnie, Young ရေ Morning "

"Morning ပါ "

မနက်စာစားမလို့ အခန်းထဲကထွက်ထွက်ချင်း တံခါးဝမှာ သုံးယောက်သားတူတူဆုံကြတယ်။

Lisa က ပုံမှန် လက်ဖက်ရည်နဲ့ ပေါင်မုန့်ယိုသုတ်သာစားပြီး ယောင်းတို့ကတော့ Juice ရယ် ကြက်အူချောင်းတွေ အရွက်တွေရယ်ပေါ့။ စားပြီးတော့ lisaက ခရီးကိစ္စ စကားစဖို့ပြင်တုန်း

"ဒီနေ့ Unnie တို့ ဆေးရုံသွားရမယ်Lisa"
Soo က အရင်ပြောဖြစ်သွားတယ်။

"ဟင် Unnie တစ်နေရာရာနေမကောင်းဘူးလား"

"Unnie မဟုတ်ပါဘူး ယောင်းငယ်လေ အိပ်မက်ဆိုးတွေ မက်ပြန်လို့"

"Lisa လည်းလိုက်ခဲ့မယ်လေ ပြီးတော့ Lisaလည်း ပြောစရာရှိတယ် Unnie တို့ကို"

" ​အွန်း ပြောလေ "

"အခု မပြောသေးဘူး ​နေ့လည်စာ စားရင်းနဲ့ပြောမယ်နော် Unnie "

Lisa တို့လည်း မနက်စာစားပြီးတော့ အခန်းထဲ အသီးသီးဝင်သွားကြတယ်။ ဆေးရုံသွားခါနီးကြတော့ အဝတ်အစားတွေလဲပြီး ကိုယ်စီ အခန်းထဲက ထွက်လာကြတယ်။

"အဒေါ်ကြီးရေ နေ့လည်စာ အပြင်မှာဘဲ စားမှာမို့ မပြင်နဲ့တော့နော်လို့"လှမ်း ပြောပြီး ကားတစ်စီးထဲနဲ့ အတူတူဆေးရုံဆီကို ဦးတည်ပြီးထွက်လာကြသည်။

Past relationship (U+Z)[Completed]Where stories live. Discover now