21

4.8K 341 11
                                    

*Unicode *

"ခလွမ်း ဝုန်း"

ဖန်ခွက်တွေကို ပစ်ခွဲသံ၊ ပန်းအိုးတွေနဲ့ စားပွဲအသေးစားလေးကို ဆွဲလှဲလိုက်သောအသံ၊ အသံတွေမှာ အတော်ပင်ကြာသည်အထိ မရပ်သေးဘဲ တစ်ခုပြီး တစ်ခု တန်းစီပြီး ပစ်ခွဲနေတဲ့ အသံတွေက အခန်းလေးတစ်ခန်းအတွင်းမှာ အဆက်မပြတ်ကိုဆူညံနေတယ်။

Lisa ဒီနေ့ နှစ်ဝက်စာ စာတမ်းတင်ပြီးတာမို့ ကျောင်းကနေစောစောပြန်လာခဲ့လိုက်တယ်။ အလုပ်ကိစ္စတွေပြီးတာနဲ့ ကျောင်းစာက ပိလာတာကြောင့် Lisa ဒီအတောအတွင်း မနားရတာ တစ်လကျော်နေပြီလေ။ ဒါကြောင့် အတိုးချပြီး အနားကို ရှယ်ယူမှာ။

ကျောင်းက ပြန်ရောက်လို့ အိမ်ထဲဝင်ဝင်ချင်း အပေါ်ထပ်ကနေ ထွက်လာတဲ့ အသံတွေကြောင့် ခြေလှမ်းတွေကို မပြေးရုံတမယ် အိမ်ပေါ် ပြေးတက်ခဲ့လိုက်ရတယ်။ လှေကားဝမှာတော့ အလုပ်သမားတွေက အပေါ်ကိုစိုးရိမ်တကြီးကြည့်နေရင်း ကျန်ခဲ့တယ်။

Unnie Soo တို့ရဲ့ အခန်းတံခါး ပွင့်နေပြီး အပြင်ကနေလှမ်းမြင်နေရတာက ဖန်ကွဲစတွေနဲ့ ပစ္စည်းအကျိုးအပဲ့တွေက ကြမ်းပြင်မှာ ပြန့်ကျဲနေတာ မြင်မကောင်း

Lisa လည်း ကမန်းကတမ်း အခန်းထဲ ဝင်ကြည့်လိုက်တော့ တွေ့လိုက်ရတာက အခန်းထောင့်ကနေ မျက်ရည်တွေကျပြီး စိတ်မကောင်းဖြစ်နေတဲ့မျက်ဝန်းတွေနဲ့ တွေတွေကြီးကြည့်နေတဲ့ Unnie Soo ရယ်၊ Unnie မျက်နှာမူထားတဲ့နေရာလေးမှာ မျက်ရည်တွေကျရင်း ဒေါသထွက်နေသလို ယူကြုံးမရနေသလိုဖြစ်နေတဲ့ ယောင်းရယ်။

ယောင်းက ပန်းအိုးတစ်အိုးကို ကိုင်ပြီး ထပ်ခွဲဖို့လုပ်တော့ Lisa ပြေးသွားပြီး ပန်းအိုးကိုလုလိုက်တယ်။

ပန်းအိုးလေးတစ်အိုးက ဘာမှ အရေးမကြီးပေမယ့် Lisa ဝင်ဆွဲရတဲ့ အကြောင်းရင်းက သောင်းကျန်းနေတဲ့ ယောင်းပုံစံကြောင့်ရော Unnie Soo ကြောင့်ရော

ယောင်းက သူ့ကိုယ်သူ စိတ်ပျက်နေတဲ့ပုံစံအရမ်းပေါက်နေပြီး စိတ်တအားပင်ပန်းနေတဲ့ပုံပေါက်နေတယ်။

ပြီးတော့ ပိုဆိုးတာက ယောင်းဖြစ်နေတဲ့ပုံကိုကြည့်ပြီး Unnie Soo က shock ရနေတယ်ထင်တယ် လုံးဝတွေတွေကြီး ငူငူငိုင်ငိုင်ဖြစ်နေတာ။ သူမှ ဝင်မဆွဲရင် နှစ်ယောက်လုံးပြသနာတက်တော့မှာ။

Past relationship (U+Z)[Completed]Where stories live. Discover now