20

5.1K 322 8
                                    

*Unicode *

ဒီနေ့က စာရေးဆရာ SKY ရဲ့ Fan meetingနေ့လေး။ မနေ့ကသတင်းတွေထဲမှာရော ဒီမနက်သတင်းတွေမှာရော Lisa ရဲ့ ပုံကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ "လူငယ် စာရေးဆရာမ SKY " ဆိုပြီးတော့ပေါ့။

SKY ဟာ မိန်းကလေးတစ်ယောက်ဆိုပြီးတော့ Lisa ရဲ့ Fan ထဲက အမျိုးသမီးထုကြီးဟာ လျော့မသွားပါဘူး။ ပုံနဲ့တကွ နာမည်ကြီးသွားမှဘဲ အစကတည်းက Fan မဟုတ်တဲ့ မိန်းကလေးတွေလည်း Fan တွေဖြစ်ကုန်ကြတယ်။ SKY ရဲ့ Fan web မှာလည်း Oppa Oppaနဲ့၊ မိန်းကလေးတွေကပါ Fan ဂေးလေးတွေဖြစ်ကုန်ပြီ။ တကယ်ပါဘဲ Lisa လည်း SKY ရဲ့ Fan တွေကို မနိုင်ဘူး။L web ထဲတောင်ဝင်မကြည့်ရဲဘူး Fan ဂေးတွေက လက်ရဲဇက်ရဲတွေ

မဆီမဆိုင် ဖက်ထုပ်ကိုသတိရမိပါတယ်။

( ဘာမှလည်း မဆိုင်ဘူးနော် ။ အကိုနိုတို့များ သူ့ချေပုကို အမြဲသတိရ)

Lisa တို့ ခန်းမကို ရောက်တော့ စောစောထွက်လာတာတောင် ခန်းမမှာ လူစည်နေပါပြီ။ ပွဲချိန်ကျတော့ စာအုပ်တွေ လက်မှတ်ထိုင်ထိုးရတာ Lisaရဲ့လက်တွေ လက်အံမသေတသေဘဲ။ များလိုက်တဲ့လူတွေ ။

Jen တို့လည်း ရောက်လာကြပါတယ်။ ဒါပေမဲ့ လူတော်တော်များလို့ နောက်လည်းတွေ့မှာဆိုတော့ နောက်မှဘဲ လက်မှတ်ထိုးလိုက်တော့မယ်ဆိုပြီး လူအုပ်ကြားမဝင်ဘဲ ပြန်ခဲ့ကြတယ်။

Lisa ရဲ့ အောင်မြင်မှုက Jen တစ်ယောက် Lisa ဆီကိုပြန်သွားဖို့ မဝံ့မရဲ ဖြစ်စေတယ်။
သူငယ်ချင်းတွေကတော့ အတိတ်မှာ ကျန်ခဲ့တဲ့Relationship လိုမျိုးကြီး ဒီတိုင်း မပြီးဆုံးသွားစေချင်ဘူးတဲ့။ ဒါပေမဲ့ ဒီအခြေအနေကြီးက Jen ကို တော်တော်ခက်ခဲစေတယ်။

ပွဲပြီးသွားတော့ Lisa တော်တော် ဂါသွားပါပြီ။
ယောင်းတို့လည်း Lisa ပင်ပန်းနေတာ သိတာမို့ အိမ်ကိုဘဲ ခေါ်လာလိုက်ကြတယ်။

အစကတန်းအိပ်မလို့ဆိုပေမယ့် ရေမိုးချိုးပြီးတော့ နည်းနည်းလန်းဆန်းလာတာနဲ့ Lisaလည်း Young တို့နဲ့အတူ ညစာစားဖြစ်တယ်။

ညစာစားပြီး ဧည့်ခန်းမှာ ထိုင်နေတုန်း

Young: "Lisa အိပ်ချင်နေပြီလား"

Past relationship (U+Z)[Completed]Where stories live. Discover now