Special episode (bonus 🎉)

8.7K 417 21
                                    

"Unicode *

အခုဆို Lisa တို့ လက်ထပ်ပြီးတာ ၂လတောင်ကျော်လာပါပြီ။ Lisaရဲ့ အကောင်ပေါက်လေးကတော့ ကလေးဆိုးကြီး လုပ်လို့ကောင်းနေတုန်းဘဲ။

" ချာတိတ် ကို အစည်းအဝေးရှိလို့ သွားတော့မယ်နော် "
သူပြင်ဆင်ပြီးတဲ့အချိန်အထိ အိပ်ယာပေါ်မှာ မထသေးဘဲ မှိန်းနေတဲ့ ကလေးလေးရဲ့ နဖူးလေးကို နမ်းပြီး နှုတ်ဆက်လိုက်တယ်။

အနည်းငယ်လူးလွန့်လာတဲ့ ခန္ဓာကိုယ်ပိစိလေးက လက်လေးကမ်းလာတယ်။ ပြောချင်တာက သူ့ကိုဖက်ပါပေါ့ ။ မျက်စိတော့ မပွင့်နေဘူး အိပ်ပုတ်လေးက
Lisa လည်း Jen ရဲ့ ကိုယ်လေးကို ဖက်လိုက်ပြီး ခေါင်းလေးကိုပွတ်ပေးနေတယ်။
" game ကို ညနက်တဲ့အထိ ဆော့တာကိုး အခု ထမနိုင်နေဘူးဟုတ် အဆိုးလေး"

" Unnie Soo လေ ချိန်းတုန်းက ချိန်းထားပြီး တကယ်လည်း တိုက်ရော လိုင်းပေါ်တောင်တက်မလာဘူး။ အာ့နဲ့ ဘေဘီက နှစ်ယောက်စာတောင် ကြိုးစားပမ်းစားဆော့လိုက်ရတာ"

" အမလေး ငါ့ကလေးလေး အလုပ်ကြီးအကိုင်ကြီးလုပ်ပြီး ပင်ပန်းနေတာ"

" လူကြီးနော် ငြိုငြင်တာလား "

"မဟုတ်ရပါဘူးဗျာ။ အခု ပြန်အိပ်ဦးမှာလား။ ကို အလုပ်သွားတော့မလို့"

"ဟီး အိပ်တော့ဘူး လူကြီးကို ဖက်လိုက်ရလို့ လန်းဆန်းသွားပြီ။ အံမယ် လန်းဆန်းသွားပြီဆိုမှ အခုမှ သေချာကြည့်မိတယ်။(ခနက သူ့ဘာသာ မျက်စိမပွင့်တဲ့ဟာကို) ရှင်က ဘာကိစ္စ ကျော့စမော့နေအောင် suit ကို ဝတ်ထားတာလဲ။ ရေမွှေးနံ့ကလည်း ပုလင်းမှောက်ထားသလားမှတ်ရတယ်"

"ဒီနေ့ နိုင်ငံခြားသားကိုယ်စားလှယ်တွေနဲ့တွေ့ရမှာလေ ကလေးရ"

"Ban နော် ရုတ်ရုတ်လုပ်မယ်မကြံနဲ့။ အိမ်မှာ ရှင်ယူထားတဲ့ မိန်းမ Jennie တစ်ယောက်လုံး ရှိတယ်နော်"

Jen ရဲ့ စူပုတ်ပုတ် မျက်နှာထားကြောင့် Lisa တစ်ယောက် ပြုံးစိစိပါဖြစ်

"အာရီဂူး ကို့မိန်းမ ဒီလောက်လှတာကို ပစ်ပြီး ဘယ်သူ့ကိုကြောင်ရမှာတုန်း။ လှကလည်း လှ ။ hot ကလည်း hot ကို့ဘာသာတောင်ချစ်မဝနေတဲ့ကြားထဲ " (အင်းပါ ရှင့်မိန်းမ လှတာ လူတိုင်းသိပါတယ်)

Past relationship (U+Z)[Completed]Where stories live. Discover now