*For Unicode *
Ban
Lalisa Manobanမိဘတွေ မရှိတော့တဲ့နောက်မှာ မြောက်များစွာသော အမွေတွေနဲ့ တစ်ယောက်ထဲကျန်ခဲ့ရသူဖြစ်ပြီး မိသားစုရှေ့နေတစ်ဦးဖြစ်တဲ့ Mr.U ကသာ အုပ်ထိန်းသူအနေနဲ့ရှိပေးနေတာဖြစ်သည်။
Lisa ရဲ့ မိဘတွေက များပြားလှစွာသောလုပ်ငန်းခွဲတွေပိုင်ဆိုင်ထားတဲ့ LILI Group တစ်ခုလုံးကို Lisa အတွက် အမွေထားပေးသွားတာဖြစ်ပြီး သစ္စာရှိလူယုံပေါင်းများစွာရှိတာမို့ LILI Groupရဲ့လုပ်ငန်းများမှာ lisa မိဘတွေ လက်ထက်ကအတိုင်းပင် CEO မရှိနေသောလည်း ကောင်းစွာလည်ပတ်နေတာဖြစ်သည် ။
အသက်ပြည့်ကတည်းက အမွေတွေအားလုံးကို လွှဲပြောင်းပေးသော်လည်း Lisa က သူ့ရည်မှန်းချက်ဖြစ်တဲ့ စာရေးဆရာဖြစ်အောင် သူ့ဘာသာကြိုးစားပြီးမှ စီးပွားရေးလောကထဲဝင်မည်တဲ့လေ။ စာရေးဆရာဖြစ်ဖို့က ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်ပေကိုး
ပြီးတော့ LILI Group ကိုလည်း အမွေဆက်ခံခွင့်ကြောင့်မဟုတ်ဘဲ သူ့အရည်အချင်းဖြင့်သာ သူပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေး။
တကယ်လည်းတော်ပြီး ထက်မြက်တဲ့ကလေးဟာ ကျောင်းပြီးလို့ ၃နှစ်အကြာမှာ စာအုပ် ၆ အုပ်ထုတ်နိုင်ပြီး အတိုင်းအတာတစ်ခုထက်ကို ကျော်လွန်တဲ့အောင်မြင်မှုတွေ ရနေပြီဖြစ်သည်။ ဒါပေမဲ့လည်း ကလောင်အမည် SKY ကိုသာသုံးပြီး အေးအေးဆေးဆေးသာ ဘဝကိုဖြတ်သန်းရင်း လူသိမခံသေးဘဲနေနေသည်။ တတ်နိုင်သလောက်တော့ အေးဆေးနေချင်သေးသည်တဲ့လေ။
Lisa ရဲ့ စာအုပ်တွေက ဆယ်ကျော်သက်တွေသာမက လူလတ်ပိုင်းတွေအထိ ကြိုက်နှစ်သက်ကြပြီး စာပေလောကမှာ SKY သည် အတော် နာမည်ကြီးနေတာဖြစ်သည်။
စာပေလောကမှာ နာမည်တစ်ခု ရပြီးတော့ လက်ရှိမှာ lisa ဟာ နယူးဇီလန်ကို စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာတော်သင်သွားဖို့ စီစဥ်နေတာဖြစ်သည်။
ထားပါတော့ လောလောဆယ် lisa ပျောက်နေတာ နှစ်ရက်ရှိပြီမို့ ရှေ့နေကြီးခေါင်းမီးတောက်ကာ စိတ်တွေပူနေသည်။ ရဲစခန်းမှာ တိုင်ချက်ဖွင့်သော်လည်း အခြေအနေက မထူးသေး
YOU ARE READING
Past relationship (U+Z)[Completed]
Fanfiction(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jennie Kim ကို အရမ်းချစ်ပေမယ့် မတော်တဆမှုကြောင့် မှတ်ပါမမှတ်မိတော့တဲ့ Lalisa manoban (ဒီFic ကိုတော့ သဝန...