4

4.5K 360 5
                                    

*For Unicode *

Soo တစ်ယောက် တိုက်ခန်းကို ပြန်ပြီး အဝတ်တွေထည့်ကာ lisa အိမ်ကိုပြန်လာခဲ့တယ်။

ယောင်းငယ်ကတော့ lisa နဲ့ စကားတွေပြောပြီး အူမြူးလို့...မသိရင် အမြွာတွေကျနေတာဘဲ။

အခန်းကိုတော့ lisa ရဲ့ မျက်နှာချင်းဆိုင်အခန်းမှာဘဲ Soo တို့နေဖို့လုပ်လိုက်ကြတယ်။

ညစာ စားပြီးတဲ့အချိန် ဝရန်တာမှာ အချိုပွဲစားရင်းစကားစမည်ပြောနေကြတုန်း lisa က

" Unnie တို့ စာရေးဆရာ SKY ကိုသိလား"

Soo: " အင်းသိတယ်လေ ။နာမည်ကြီးဘဲဟာ။မသိလို့ရမလား ယောင်းငယ်က အဲ့စာရေးဆရာရဲ့ အမာခံ Fan ပြီးတော့ Unnie လည်း SKY ရဲ့စာအုပ် အတော်များများ ဖတ်ဖူးတယ်။ ကြိုက်လည်းကြိုက်တယ်လေ။"

Lisa: " တကယ် ဝိုး ခနက အန်ကယ်U ပြောသွားတယ် Lisa က အဲ့စာရေးဆရာတဲ့"

" ဖလူး အဟွတ် အဟွတ် " Soo သောက်လက်စ လိမ္မော်ရည်ပါသီးသွားရသည်။

ယောင်းငယ်က ပန်းသီးစိတ်ကို လက်လှမ်းရင်း ပါးစပ်အဟောင်းသားနဲ့ Lisa ကို ကြောင်ပြီးကြည့်နေသည်။

" တ တကယ်ကြီးလား" Soo က ပြန်မေးလိုက်မိတယ်။

မယုံတာတော့မဟုတ်ပေမယ့် သေချာအောင်အတည်ထပ်ပြုရသေး။ ဟုတ်တယ်လေ SKY ဆိုတဲ့ စာရေးဆရာက စာပေလောကမှာတောင် လူလုံးတစ်ခါမှ ထွက်မပြဖူးတဲ့လူ။ ပြီးတော့ ယောင်းငယ်က အဲ့စာရေးဆရာရဲ့ လက်မှတ်ကို သေမတတ်လိုချင်နေတာလေ။

"အန်ကယ် U ကတော့ အဲ့လိုပြောသွားတာဘဲ ဘာဖြစ်လို့လဲ" လို့ သူ့ဘာသာမေးရင်း

" အာ မေ့နေတာ ခနနော် အန်ကယ်က Macbookထဲမှာ lisa ရဲ့ရေးလက်စ စာမူတွေရော မူပိုင်ခွင့်တွေရော ရှိတယ်တဲ့ သွားယူလိုက်ဦးမယ်။"သူ့ဘာသာဆက်ပြောပြီး သူ့အခန်းဆီပြေးဝင်သွားတယ်။

lisa ယူပြီးပြန်လာတော့ Soo တို့အတူ macbook ကိုဖွင့်ကြည့်လိုက်ကြတယ်။ တကယ်ဘဲ macbook ထဲမှာ စာမူတွေ မူပိုင်ခွင့်တွေက အခန့်သား

Chaeyoung က

" Ya Lalisa manoban ငါ ငါအိပ်မက်မက်နေတာလား"

Past relationship (U+Z)[Completed]Место, где живут истории. Откройте их для себя