2(Uni & Zawgyi)

507 27 4
                                    

[Unicode]
ဘတ်ခွန်းနီးလုပ်ကျွေးတဲ့ ထမင်းကြော်နဲ့ပြည်ကြီးငါးသုပ်ကို ခေါင်းမဖော်တမ်းစားနေတဲ့မောင်က တကယ့်ကလေးပေါက်စလို။ အခုလိုမျိုးလေးကြိုက်တော့ ကိုယ့်မှာကျေနပ်ရပါတယ်။

ပြောပြောဆိုဆိုနဲ့ စားပြီးသားပန်းကန်းတွေ ဆွဲယူသွားတဲ့ မောင်

'ဟင်..မောင့်ဘာလုပ်တာလဲ'
'ပန်းကန်ဆေးမို့လေ အချစ်ရဲ့ မောင့်ဗြောင်လေးက ပန်းကန်ဆေးရတာမကြိုက်ဘူးမလား'
'ဟီး ငါ့မောင်ကချစ်ဖို့အကောင်းဆုံးပဲ'
'အတတ်ကလေး မောင့်ကိုပန်းကန်ဆေးဖို့အားအင်တွေရအောင် နမ်းပါအုန်း'
'လူလည်ကြီး ပန်းကန်းဆေးတာကို ဘယ်ကအားအင်လိုလို့လဲ မသိရင်လောကကြီးကိုကယ်မှာကြနေတာပဲ.....ဟာမောင် အင့်'

ပြောပြောဆိုဆိုနဲ့ အရှက်သည်းပြီးကပ်စေးနည်းနေတဲ့ Mr.Byun ကိုသူပွေ့ချီပြီး လေထဲမှာသုံးလေးချက်လောက်ဝှေ့ယမ်းပစ်လိုက်လေရဲ့...

တဆက်တည်းမှာပဲ ချန်းညောလ် ခုနက ဆေးဖို့လက်ထဲမှာကိုင်ထားတဲ့ပန်းကန်တွေက ဘတ်ခွန်းကို ချီပြီးမလိုက်တာကြောင့်ကတစ်ကြောင်း အဲ့အကောင်ပေါက်စကို ဝှေ့ယမ်းပစ်လိုက်တာကတစ်ကြောင်း အဝေးကို အရှိန်နဲ့ လွှင့်စင်သွားလေရဲ့ ပတ်ချန်းယောလ် ကတော့ ဒီပေါက်စဆီပဲ စိတ်ရောက်နေတာကြောင့် သတိမထားမိပေမဲ့ ကပ်စေးနဲဆရာဗြောင်ကတော့ လက်ထဲကနေခုန်ဆင်းပြီးရှိသမျှအသံကုန်ဟစ်အော်လိုက်လေရဲ့

'ကလုံး ကလွမ်း ချွမ်း'
'အားး ကုန်ပြီ အေးရော ငါ့အဖိုးတန်လေးတွေ'

မျက်စောင်းခဲပြီးကြည့်တော့ သူမဟုတ်တဲ့ရုပ်နဲ့ဗိုက်ပေါ်လက်တစ်ဖက်တင်ပြီး မျက်လုံးကလဲ မျက်နှာချက်ပေါ်စိုက်ကြည့်လို့

'အင်း အရမ်းကောင်းတယ် မဆေးရတော့ဘူး အေးရော'

ပန်းကန်းအကွဲစတွေကို လိုက်ကောက်ရင်း စိတ်ပျက်လက်ပျက်ညီးတယ်

'ဟီး မောင်လုပ်လိုက်လို့ကွဲသွားတာပေါ့နော်'
'....'

ပတ်ဝန်းကျင်လေထုကတိတ်ဆိတ်နေဆဲ ပန်းကန်လေးကွဲတာကို သူ့ခဗျာယူကြုံးမရဖြစ်နေတယ်ထင်တယ်
အံ့သြပါ့

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now