6(Uni & Zawgyi)

221 16 0
                                    

[Unicode]

အီးဟီး မေမေ့သားလေး ဘူချွန်းသားလေး ဆိုးလ်မှာအနိုင်ကျင့်ခံနေရပါပြီ မေမေရေ လာခေါ်ပါ အီးဟီး

အဆက်မပြတ်အော်သံတွေကရပ်မသွားမလို ဂုတ်ကနေဆွဲထားတဲ့ လက်ကလည်းလျော့မသွားဘူး။
ပတ်ဝန်းကျင်ကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့

'ဒီမှာ ဘူချွန်းသားဆိုတဲ့ကောင်လေး မင်းကဘာလဲ ပြန်မလုပ်ဘူးလား အခုလိုအာပြဲနဲ့အော်နေတော့ရော ဘူချွန်းကမင်းအမေကလာကယ်မှာမို့လား ဟမ်'

'မေမေကသူများကိုထိခိုက်အောင်မလုပ်ရဘူးလို့ဆုံးမထားတာ.....'

ဒီလိုလေးကြားတော့ပြုံးမိသည်။အခုမှသိတဲ့ကောင်လေးက အခုလိုမေမေချစ်သားလေးဆိုတော့ တစ်မျိုးလေးချစ်ဖို့ကောင်းနေရော ပြုံးတာပင်မကြာလိုက်..

'ပြီးတော့ ခင်ဗျားကဘယ်သူမှန်းလဲမသိဘူး တော်ကြာနေ မကျေနပ်လို့ကျွန်တော့်ကိုလူငှားပြီး ရိုက်ခိုင်းတာတို့ လက်စဖျောက်ခိုင်းတာတို့ဆို ဘယ်လိုလုပ်မလဲ လူကအခုမှ နုနုထွတ်ထွတ်လေး နဲ့ ငယ်ငယ်လေးရှိသေးတာ အီးဟီး မေမေ့ မေ '

ဆွဲထားတာကိုလွှတ်လိုက်တော့ လွတ်ပြီဆိုတဲ့အတွေးနဲ့ဝရုန်းသုန်းကား ပြေးထွက်တာ ဆိုင်ရှေ့မှန်တံခါးကိုမမြင်ပဲပြေးတိုက်တော့တာပဲ ဘယ်လိုနမော်နမဲ့လေးမှန်းကို မသိဘူး။

တစ်ခါမှမရေးဖြစ်တဲ့ ဒိုင်ယာရီလေးကိုသူနဲ့တွေ့မှ စရေးဖြစ်တယ်။နာမည်တောင်မသိလိုက်တဲ့ ကောင်လေးရေ ထပ်ဆုံချင်ပါသေးတယ်ကွာ

................................................................................
'ခါအီ ခါအီ ဟေ့ရောင် ဝက်ဝံစုတ် ထလေ ဟာ'

ကားမှန်ကိုမှီအိပ်နေတာသူ့အိမ်သူ့ယာလို သူ့အကူအညီနဲ့ဆိုင်နေရာရှာမလားမှတ်တယ် မသိရင်ဂျီကျတဲ့ကလေးကို ကားပတ်မောင်းပြီး ချော့သိပ်နေရသလိုပဲ
မကျေနပ်တာတွေ အသားကုန်ပြောပြီး အိပ်သွားတာ။

သေချာအနီးကပ်လေးကြည့်ဖြစ်တော့ ကော့စင်းနေတဲ့မျက်တောင်ရယ် အချိုးအစားပြေပြစ်တဲ့နှာခေါင်းရယ်က
ပန်းချီကားတစ်ချပ်ကိုတစိမ့်စိမ့်ကြည့်နေရသလိုပဲ

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now