31(Uni & Zawgyi)

155 17 2
                                    

[Unicode]
ကျောင်းကိုလာမကြိုတော့ဘူးနော်လို့ဖုန်းဆက်တဲ့မောင့်ကြောင့်နည်းနည်းတော့စိတ်မကောင်းဖြစ်ရသည်။ကိုယ်ရစ်တာများသွားလို့ မောင်ကစိတ်ကုန်သွားတာများလား။
၂နှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာ မောင်ကငါ့ကိုငြီးငွေ့သွားပြီလား။

"ဘတ်ခွန်းနီး!"

"..."

"ဘတ်ခွန်းနီး!"

"အော် James"

"ဘာတွေအဲ့လောက်တောင်တွေးနေတာလဲ"

"အာ ဒီအတိုင်းပါ ဘာရယ်မဟုတ်ပါဘူး"

"အင့် ကျွန်တော်မနက်ကတည်းကလိုက်ရှာနေတာ စာကြည့်တိုက်ဘက်လဲရောက်ခဲ့ပြီ အသားဆိုတော့အကြာကြီးထားရင်အရသာမရှိမှာစိုးလို့ ချက်ချင်းပဲစားဖြစ်အောင်စားနော်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"ဒါနဲ့ ဘတ်ခွန်းနေမကောင်းဘူးလား မှန်း"

ပြောလဲပြောရင်းနှဖူးပြင်ပေါ်ကျူးကျော်လာတဲ့လက်ကြောင့် ဘတ်ခွန်းအမြန်ပင်ရှောင်တိမ်းလိုက်ရပါသည်။ယောကျ်ားလေးချင်းပင်ဖြစ်သော်ငြား ဒီလူကိုယ့်အပေါ်ဘာစိတ်ရှိနေလဲဆိုတာကို ကိုယ်က မရိပ်မိနေတာမှမဟုတ်ပါပဲ။

ဘတ်ခွန်းရှောင်လိုက်တာကိုသိတဲ့ James ကလည်းရှက်သွားပုံရကာလက်ကိုအမြန်ရုတ်လိုက်ပြီး စကားစဖြတ်သည်။

"အဲ့တာဆို အိမ်ရောက်ရင်ဆေးသေချာသောက်နော်"

စိတ်ပူရတဲ့အဖြစ်ကိုမင်းသိလေမလား...
တစ်ဖက်သတ်ဆိုတဲ့အဖြစ်ကိုမင်းသိလေမလား...
ဆိုင်သူရှိသားလူကိုချစ်မိတဲ့အခါကြာကူလီကောင်လို့အများကထင်ကြလေမလား...
မြူမှုန်တစ်စလောက်တောင် မသက်ဆိုင်တဲ့ ဒီကျောင်းနေရာကို ကိုယ်ဘာကြောင့်အကြိမ်ကြိမ်အခါခါခြေချဖြစ်နေပါလိမ့်...
မသိတဲ့သူတွေကတော့ ဒီကျောင်းကကျောင်းသားလားလို့တောင်ထင်ကြလိမ့်မယ်...
တချို့ကဆိုဘယ်မေဂျာလဲတောင်မေးကြတယ်...
အဲ့ဒီ့အချိန်ကျရင်ကိုယ်ဟာ ပြုံးပြဖို့ပဲတတ်တော့တယ်...

တစ်လောကလုံးကလူတွေအားလုံးအပေါ်မာန်ဖီနေရင်တောင်မှ မင်းတစ်ယောက်အပေါ်မှာတော့ကိုယ့်အစွယ်ကိုယ်ချိုးပစ်လိုက်မဲ့ သားရဲတစ်ကောင်ပါကွာ။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now