4(Uni & Zawgyi)

308 19 0
                                    

[Unicode]

Bambi Bam Bambi Bambi....

ဖုန်းသံဝင်လာတည်းကမောင်ရောက်ပြီဆိုတာ သိနေတယ်။
အကြိုက်ဆုံးသီချင်းလေးနဲ့ အကြိုက်ဆုံးလူသားကိုတွဲထားထားတာ။မောင်တစ်ယောက်အတွက်သာ တစ်ခုတည်းသောringtone လေး။

'အွန်း မောင်'
'ဘာအွန်းတုန်း မပြီးသေးဘူးလား မောင့်အချစ်က'

စိတ်မရှည်တတ်တာမောင့်စရိုက်ပေမဲ့ ဒီလိုလူကြီးကိုချစ်ထားမိတော့လဲ သည်းခံရတာပါပဲ။စိတ်ရှည်ပြီဆိုလည်း သူ့အပြင်နှစ်ယောက်မရှိတဲ့ မောင်ပါလေ။

'ပြီးပြီကို  မင့်ဟာက အခုထဲကစိတ်က'
'အော် မဟုတ်ပါဘူး မပြီးသေးရင်အပေါ်တက်လာမလို့လေ'
'မလာနဲ့တော့ အခုပဲဆင်းလာပြီ'

ကားစတီယာတိုင်ကို တတောက်တောက်ခေါက်ရင်း EXO ရဲ့ Lucky သီချင်းလေးဖွင့်လိုက်တယ်။စာသားတွေက ဘတ်ခွန်းနီးနဲ့သူနဲ့နှစ်ယောက်ကို ရည်ညွှန်းထားသည့်အလား။

~နိုင်ငံတစ်ခုတည်းမှာအတူတူမွေးဖွားလာလို့ ဘာသာစကားတစ်မျိုးတည်းကိုအတူတူပြောခွင့်ရလို့ သိပ်ကောင်းတာပဲ သိပ်ကိုကံကောင်းတာပဲ လောကကြီးမှာဘယ်အရာမှသေချာတာမျိုးမရှိဘူး~

ချန်းယောလ်ပြုံးမိသည်။

'လောကကြီးမှာဘယ်အရာမှသေချာတာမျိုးမရှိဘူးဟုတ်လား ငါဘတ်ခွန်းကိုချစ်တဲ့အချစ်တွေကတော့သေချာတယ်'

ခံစားချက်တွေဖွင့်ထုတ်မပြတတ်တဲ့ ဘတ်ခွန်းနီးကလည်း သူ့ကိုချစ်တာသေချာတယ် အချစ်ဆိုတဲ့အရာကနှုတ်ကတဖွဖွပြောစရာမလိုဘူးဆိုတာ လူတွေသိအောင်ပြောပြလိုက်ချင်တယ်။မင်းဆိုတဲ့ဖြစ်တည်မှုလေး ဒီကမ္ဘာမှာကောင်းကောင်းမွန်မွန်ရှင်သန်နေတယ်ဆိုတဲ့ အသိတဲ့တင်ကြည်နူးရတယ်ပြည့်စုံတယ်။

လူတွေကအချစ်အပေါ်ခံယူချက်မှားနေကြတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းမဟုတ်ဘူးတဲ့။
ဒီအချက်ကတော့မှားတယ် သူ့အတွက်တော့အချစ်ကိုပိုင်ဆိုင်ရမှကျေနပ်မယ်။အတ္တကြီးတယ်ပဲပြောပြော သူနဲ့အတူပဲ အိုမင်းသွားချင်တာဟာအပြစ်တစ်ခုမဟုတ်ဘူး။
အချစ်ကိုရယူပိုင်ဆိုင်ခြင်း မဟုတ်ပါဘူးပြောနေတတ်တဲ့သူတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းတဖွဖွမပြောဖြစ်လို့ လမ်းခွဲခဲ့ကြတဲ့သူတွေချည်းပဲ။
ဘာကြောင့်လဲ သေချာနားမလည်ဘူး။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now