21(Uni & Zawgyi)

156 13 0
                                    

[Unicode]
"သားတို့နှစ်ယောက်ကို အခုလိုမျိုးအတူတူခေါ်လိုက်ရတာ ဖေဖေပြောစရာရှိလို့ပဲ အထူးသဖြင့်ဘတ်ခွန်း"

"အဟွတ် အဟွတ် ဗျာ"

အစားအသောက်တွေကိုပဲခေါင်းမဖော်တမ်းစားနေတုန်းဖေဖေ့ဆီကသူ့နာမည်ကိုခေါ်ပြီးပြောတော့မျက်လုံးလေးပြူးဝိုင်းသွားရကာဖေဖေ့ကိုအလန့်တကြားမော့ကြည့်လာရှာသည်။

"အဟမ်း ဟုတ်ပြောပါ အန်ကယ်"

"သက်တောင့်သက်တာပဲဖေဖေလို့ခေါ်ပါ"

"အာ ဟုတ် ဟုတ်ကဲ့ဖေဖေပြောပါ"

"ယောလ်လေးကိုအပ်ပါတယ်"

"ဗျာ...ဘယ်သူယောလ်လေး"

ဒီဟာလေးပိန်းပုံကတော့ ဘယ်က ကလေးကိုသူ့လက်ထဲလာထည့်တယ်ထင်သလားမသိ လန့်ဖျတ်နေပုံရတော့ ချန်းယောလ်ကပဲမေးဆတ်ကာ သူ့ရင်ဘတ်ကိုသူပုတ်ပြရတော့သည်။မောင်လေကွာ အဲ့ဒီယောလ်လေးက။
ပိန်းပေမဲ့လည်းဒီဟာလေးဖြစ်နေတော့ချစ်ဖို့ကောင်းနေတာပါပဲ။

"ခွီး"

ဟာ ကိုယ့်မှာတော့ချစ်လိုက်ရတာသူကတော့ကိုယ့်ကိုလှောင်သတဲ့။ဖေဖေ့ရှေ့မှာမို့ ပါးစပ်ပေါက်ကလေးကိုလက်သွယ်သွယ်လေးတွေနဲ့အုပ်ပြီး အသံမထွက်အောင်ကြိုးစားရယ်ပေမဲ့ သူ့အသံပြဲလေးကလက်ကာရုံဖြင့်ထိုးမဖောက်နိုင်။

"ဟို တောင်းပန်ပါတယ် အန်ကယ် အဲ ဖေဖေ ဟိ"

"ဖေဖေ့အခြေအနေကိုလဲသိတဲ့အတိုင်းပဲ တရားရင်ဆိုင်နေရတယ် အဲ့ဒီတော့သားကဖေဖေ့အနားမှာရှိမနေတာပဲ ကံကောင်းတယ်ပြောရမှာ"

"ဟုတ်"

"ဟိုရောက်ရင် သားကအဆွယ်အသွယ်တချို့နဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖြစ်မှာမလို့ ဖေဖေကဒီကနေပဲစိတ်ခိုင်ခိုင်နဲ့ကျန်းကျန်းမာမာရှိနေပေးပါ"

"တကယ်တော့ဖေဖေအဲ့တာတွေမလိုဘူး မလိုတော့ပါဘူးသားရယ် သားဖေဖေ့နားကထွက်သွားကတည်းက ဖေဖေအတွက်အဲ့တာတွေကအရေးမပါတော့ဘူး"

"မဟုတ်ဘူး ဖေဖေ , ဖေဖေပျိုးထောင်ထားတဲ့အရာလေးကိုသားကလွယ်လွယ်နဲ့လက်လျော့ပေးမယ်ထင်လား"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now