38(Uni & Zawgyi)

180 13 9
                                    

[Unicode]
ကင်မ်နမ်ဟွန်းတစ်ယောက် သူ့လက်အောက်ကလူတွေကိုခိုင်းလိုက်ရင်တောင်ရနိုင်မဲ့ကိစ္စကြီးကို အခုတော့ကိုယ်တိုင်လုပ်ဆောင်နေရတာဖြစ်သည်။
အကြောင်းပြချက်ကတော့ ဟိုလူတွေကကိုယ်တိုင်လုပ်ဆိုတဲ့တစ်ချက်လွှတ်အမိန့်ကြောင့်သာ။မဟုတ်ရင်‌သူ့အသက်ကိုအာမခံမည်မဟုတ်ဆိုတဲ့ ဟိုလူတွေရဲ့ပြတ်သားတဲ့စကားကြောင့်။

ဝင်လိုက်ရင်ဘယ်‌ သောအခါမှထွက်ပေါက်မရှိနိုင်ပါသော ဤလောကထဲသို့‌ဝင်ခဲ့မိတာဟာသူ့အမှားပင်။မည်သို့ပင်ဆိုစေကာမူ မဝင်ရင်လည်း မဖြစ်တော့ပါ။ဂျပန်မှာဖေဖေ့လောင်းကစားအကြွေးနဲ့ ညီမဖြစ်သူသုံးဖြုန်း၍တင်နေသော အကြွေးတွေကခေါင်းမြှပ်တော့မှာမလို့ ငွေအရေးတကြီးလိုအပ်လာ၍ဒီကောင်တွေနဲ့ပတ်သတ်ရခြင်းပင်။Loey ကိုသိမ်းခဲ့ရတာကလည်းဒါတွေတာပေါ့။
အစကညီမဖြစ်သူကို ချန်းယောလ်ဆီထိုးကျွေးဖို့လုပ်ခဲ့ပေမဲ့ ဥပုသ်စောင့်‌‌နေတဲ့ကျားကြောင့် plan B နဲ့ညားခဲ့ရသည်။ညီမဖြစ်သူကလည်း ချန်းယောလ်ကိုလက်မထပ်နိုင်ဟုဆိုကာ သူ့ချစ်သူသြဇီသားနှင့်အတင်းလက်ထပ်မှတ်ပုံတင်ပြီးမှသိရသည်။ဟိုကောင်ကလည်း ညီမဖြစ်သူကိုတော့ အတန်ငယ်ချစ်ပုံရတဲ့အပြင်ချမ်းသာတာကြောင့်တာဝန်‌တော့တစ်ခုပေါ့သည်။ဒါပေမဲ့လည်းအကြွေးကဘယ်လောက်တောင်မို့လို့လဲ။

အမှောင်ထဲဘာတွေဘာမယ်မှန်းမသိတဲ့ကုန်တင်ကားကဲ့သို့သောကားတစ်စီးကိုမောင်းနှင်လာရင်းအတွေးတို့ကလည်းကြံရာမရဖြစ်နေခဲ့၏။ဟိုလူတွေပြောတဲ့ကျားသစ်ကောင်တွေမရောက်ခင်ရောက်နေရမယ်ဆိုသောစကားကိုစာစိတ်ကစွဲလျက်။

..................................................

ဘတ်ခွန်းအကြောင်းစုံကိုသိလိုက်ရပြီးသည့်နောက်တွင်ဒီလူတွေကပတ်သတ်ရန်မကောင်းဟူသောအတွေးများကသာကြီးစိုးလျက်။ကင်မ်နမ်ဟွန်းဆီက‌နေLoey ကိုပြန်ယူဖို့အတွက် သမ္မာအာဇီဝဖြင့်ကြိုးစားခဲ့သောမောင်ကလည်း အခုမတရားသဖြင့်အထဲမှာ။ဒီတော့ ဒီနည်းအပြင်မရှိတော့ဟူသောမောင့်ဖေဖေပြောသံများကိုသာအထပ်ထပ်ကြားယောင်နေခဲ့သည်။ခဏပါပဲသားရယ် ဖေဖေတို့ကမကောင်းတာလုပ်မှာမှမဟုတ်တာ ‌မတရားမှုကိုတွန်းလှန်ဖို့‌ နောက်ထပ်မတရားမှုတစ်ခုကိုအဖော်ခေါ်လိုက်ယုံပဲ ဟူသောမောင့်ဖေဖေစကားများကိုယုံလိုက်ရပါ့မလား။
တောင်းပန်ပါတယ်မောင်ရယ် မောင်ကလွဲလို့ဘာမျအရေးမပါတာမို့ ငါ့ကိုခွင့်လွှတ်ပါ။ဟုတ်တယ် ငါကမကောင်းတာလုပ်မှာမှမဟုတ်ပါပဲ။မကောင်းတာလုပ်တဲ့သူအချင်းချင်းတေ့ပေးလိုက်မှာကို။ဟုတ်တယ် သူမမှားဘူး။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now