14(Uni & Zawgyi)

189 15 2
                                    


[Unicode]
ဘူချွန်းကိုရောက်တော့ဘတ်ခွန်းကတည်းမယ့်နေရာကိုခေါ်သွားတယ်။တခြားနေရာတော့မဟုတ်ပါဘူး ဘတ်ခွန်းနီးရဲ့မေမေနဲ့ဖေဖေ့အိမ်။ဆိုးလ်လိုမျိုး လူတွေအရမ်းမရှုပ်ပဲနေရာတိုင်းကစိမ်းစိမ်းစိုစိုလေးနဲ့ ခြံလေးတွေဆိုတာလဲသပ်သပ်ရပ်ရပ်လေး။

နေရာတိုင်းကိုသေသေချာချာလိုက်ကြည့်နေမိခဲ့တာ ဒီကောင်လေးကဒီလိုလွတ်လပ်ပေါ့ပါးတဲ့နေရာလေးမှာကြီးပျင်းခဲ့ရတာပဲ။ကိုယ်ဘဝကတော့အဲ့လိုမလုပ်ဘူး ဖေဖေကပိုက်ဆံကိုပဲကုန်းရုန်းရှာနေတဲ့လူတစ်ယောက်။နွေးထွေးမှုဆိုတာဘာမှန်းဆိုတာတောင်မသိခဲ့ဘူး။ဘတ်ခွန်းနီးကြောင့်စိတ်လွတ်လက်လွတ်ပြုံးမိရီမိတဲ့ အချိန်တွေကိုဖယ်ကြည့်လိုက်ရင် ကျန်တဲ့အချိန်တွေတိုင်းကpaparazziတွေကိုရှောင်လိုက်။တဖြတ်ဖြတ်တောက်နေတဲ့ကင်မရာမီးရောင်တွေအောက်မှာ Loey Entertainment ရဲ့သားဆိုတဲ့နာမည်နဲ့လုပ်ပြုံးတွေပြုံးရ။ညကထဲကကြိုဖတ်ထားတဲ့ dialogue တွေကိုပြောရ အမှားပါရင်လူတွေပါးစပ်ဖျားမှာတစ်ပြားမှမတန်လေအောင်ပြောခံရနဲ့ ကိုယ်ကိုယ်တိုင်ဆိုတာပျောက်နေရသလိုမျိုးပဲ။ဒါကြောင်လဲ idol မဖြစ်ချင်ခဲ့တာ။မလုပ်တော့လဲဘာလို့လဲတဲ့။လုပ်ရင်လဲ သူတို့ပဲပြောကြအုန်းမှာလေ Entertainment ကြီးတစ်ခုလုံးရှိတာ ဘာလို့ CEO မလုပ်လဲဆိုပြီး။ပတ်ခ်ချန်းယောလ်ကိုအချဥ်များမှတ်နေသလား။ဟူး အခုတော့အဲ့လိုနေရာနဲ့ဝေးတဲ့နေရာမှာရပ်နေရပါပြီ။

အခုချိန်ဖေဖေဘယ်လိုနေမလဲလည်းမသိဘူး။ဘာသတင်းတွေတက်ပြီး ဘယ်လိုတွေဖြစ်ပျက်နေမလဲလည်းမသိဘူး။
ဆုံးဖြတ်ပြီးလို့ထွက်လာခဲ့တာမို့ အခုအခြေအနေမှာလိုင်းပေါ်ကိုတမင်မတက်တာ။တက်တာနဲ့ အရင်ဆုံးတွေ့ရမှာကကိုယ့်သတင်းဖြစ်နေမှာလေ။အဖေ့စထားတဲ့ပြဿနာကိုကိုယ့်ဘာသာရှင်းပါစေ။ဘာမှမဆိုင်ဘဲသူ့ကိုဆွဲထည့်တာတော့ခံပြင်းသည်။ပြီးတော့မကောင်းတဲ့လူတစ်ယောက်အဖြစ်ဇာတ်ကိုကရမှာ။မလုပ်နိုင်ဘူး လုံးဝပဲ။

Taxi ကားလေးထိုးရပ်သွားတဲ့နေရာမှာပဲအတွေးတွေကလဲ တစ်ဖန်ရပ်တန့်သွားပြန်တယ်။ဘေးကချစ်စဖွယ်ကောင်လေးကတော့ ကိုယ့်လက်မောင်းပေါ်မှီအိပ်ရာကနေထပြီး

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now