34(Uni & Zawgyi)

147 14 1
                                    

[Unicode]
ရှယ်ယာရှင်များအစည်းအဝေးတွင်

ချန်းယောလ် အစည်းအဝေးစလုပ်ကတည်းကပင်သတိထားမိနေတာဖြစ်သည်။ကင်မ်နမ်ဟွန်းမှာ ဖင်တကြွကြွ။အစည်းအဝေးလုပ်နေစဥ်ကာလအတွင်းဖုန်းမကိုင်ရဟူသော စည်းကမ်းသတ်မှတ်ကာ တစ်ယောက်အပေါ်တစ်ယောက်လေးစားမှုကိုပြသသည်မှာ ဤအေဂျင်စီ၏စည်းကမ်းတွေထဲမှတစ်ခု။

"ကင်မ်နမ်ဟွန်းရှိ! တစ်ခုခုများဖြစ်နေသလားဗျ"

"ဟင် ရပါတယ် ဘာမှမဖြစ်ပါဘူး "

"ဒါဆို ဆက်လိုက်ရအောင်လေ"

............................................................................

"ချန်းယောလ်ကို ကိုရီးယားမှာကတည်းကသတိထားမိနေတာ အခုမှပဲ အလုပ်လက်တွဲခွင့်ရတော့တယ် ဟိုမှာဖြင့် ရုပ်တောင်မမြင်ဖူးဘူးဗျာ"

"ကျွန်တော်ကလည်း အခုလိုအလုပ်တွဲလုပ်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်ဗျာ ရှေ့လျောက်လဲကူညီပေးပါအုန်း"

"တကယ်တော့ ကျုပ်တို့ကအားကျနေတာပါဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးဆောင်နိုင်တာ ဥက္ကဋ္ဌကြီးသွေးအပြည့်ပါသကိုးဗျ!"

ချန်းယောလ်အေဂျင်စီမှ ရှယ်ယာရှင်တစ်ဦး၏ထိုစကားအဆုံးတွင် ချန်းယောလ်ပြောစရာစကားမရှိတော့သည့်အလျောက် အလိုက်သင့်လေးသာ ရီမိလိုက်တော့လေသည်။

အစည်းအဝေးပြီးသည်မှစ၍ ရှယ်ယာရှင်များကိုလိုက်လံနှုတ်ဆက်နေရသဖြင့် ချန်းယောလ်ခေါင်းပင်နောက်လာချင်သည်။လူကြောက်ပြီး လူတောမတိုးတဲ့သူမျိုးမဟုတ်ပေမဲ့ အစောကတည်းကဒီလိုလူအုပ် ရှုပ်ရှုပ်ယှက်ယှက်တွေကြားမနေချင်သလို အများ၏အာရုံစူးစိုက်မှုရကာမျက်စိဒေါက်ထောက်ကြည့်ခံနေရသောသူလည်းမဖြစ်ချင်ပေသဖြင့် အမျိုးမျိုးရှောင်တိမ်းခဲ့သော်လည်း ကံကြမ္မာကအကြောင်းဖန်လာသည်မဟုတ်ပါကလား.....

..............................................................................

"ကိုယ့်မှာမင်းကိုပြောစရာရှိတယ်"

"ဘာများလဲ"

"သိချင်လား"

"အွန်း သိချင်တယ်"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now