13(Uni & Zawgyi)

182 12 0
                                    

[Unicode]
"သေချာပြီလား မောင် သြဇီထိလိုက်ဖို့"

"အွန်း"

သောက်လက်စကိုလာခွက်ကိုမော့ရင်းမောင်ကဗလုံးဗထွေးဖြေသည်။ပြီးတော့ကိုယ့်ဘက်ကိုတစ်ချက်လှည့်လိုက်ရင်း

"မယုံတာလားမောင့်ကို တကယ်လိုက်ခဲ့မှာ နောက်နေတာလို့ထင်နေတာတော့မဟုတ်ပါဘူးနော်"

"ငါကနောက်တစ်ခွဲလောက်ကြာမှသွားရမှာလေ ပြီးတော့အပျော်သွားမှာမဟုတ်ဘူး ကျောင်းသွားတက်ရမှာလေ မင်းကိုလိုက်ထိန်းမနေနိုင်ဘူးကို"

"မောင်က ကလေးလားလိုက်ထိန်းရအောင်...ပြီးတော့အဲ့တစ်လခွဲကြာလဲမောင်စောင့်နိုင်တယ် ဘတ်ခွန်းနီးနဲ့တူတူနေရဖို့အတွက်"

"အဲ့တစ်လမတိုင်ခင်ကော ဘယ်မှာနေဖို့စိတ်ကူးထားလဲ"

"ဒီမှာလေ ဒီနေရာမှာပဲ အဟဲ"

စပ်ဖြီးဖြီးနဲ့ထိုင်နေတဲ့ဆိုဖာကိုပုတ်ပြသည်။ပြီးတော့ပခုံးကိုမထိတထိတိုက်ပြီး

"ဒီမှာပဲနေမှာ အချစ်နဲ့"

"ငါကအဲ့မတိုင်ခင်ဘူချွန်းသွားမှာ"

လူကိုလိုက်ကလိနေတဲ့မောင့်ကိုအဝေးကိုရင်ဘတ်ကနေတွန်းလွှတ်လိုက်ရင်းပြောတော့

"ဟာ ကွာ"

ခြေတံလက်တံအရှည်​ကြီးတွေကိုလေပါ်မြှောက်ကာကားကားကြီး လေထုကိုကန်ကြောက်လိုက်ရင်းစိတ်ပျက်စွာအော်သည်။

"အခုတော့မောင့်ကိုလိုတဲ့သူကိုမရှိတော့ဘူးနော် ဗြောင်ဘတ်ခွန်းကအစ အဟူး ပြောင်းလဲသွားလိုက်ကြတာ တော်တော့်ကိုပဲ"

အဲ့စကားကြားတော့ဘတ်ခွန်းနီးဟက်ကနဲရီမိသည်။ဒီကောင်လုပ်နေတာ လုပ်နေတာအကွက်တွေက။

"ဘူချွန်းလိုက်ခဲ့ချင်လို့လား"

ပတ်ခ်ချန်းယောလ်မျက်လုံးတွေလက်ကနဲဖြစ်သွားလိုက်ပုံများ

"မောင် အဲ့လိုရလား"

"အွန်း"

"ရေး ရေ့ ရက်စ်"

"အလုပ်ကရော Loey entertainment manager ကအဲ့လိုအလုပ်ကိုပစ်ထားလို့ရလား"

"မောင်နဲ့မဆိုင်တော့တဲ့ကိစ္စပဲ"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now