45(Uni & Zawgyi)

153 15 2
                                    

[Unicode]အချိန်အားဖြင့် ညခုနှစ်နာရီ
ဆိုးလ်မြို့၏မြို့လယ်ခေါင်တစ်နေရာရှိ ကြယ်ငါးပွင့်အဆင့်စားသောက်ဆိုင်တစ်ခုတွင်...

"မေမေကလည်း ထပ်နေပါအုန်းဆိုတာကိုအတင်း "

"သား မေမေကသားအတွက်အားတစ်ခုဖြစ်စေဖို့သက်သက်လာခဲ့ပေးတာ အခုချန်းယောလ်ရှိနေပြီပဲ ဘာလိုသေးလို့လဲ"

အဲ့လိုပြောတော့ ဘတ်ခွန်း၏နှုတ်ခမ်းရဲရဲလေးကရှေ့သို့ဆူထွက်လာသည်။ဒါကိုမြင်ဖြစ်အောင်မြင်လိုက်တဲ့ချန်းယောလ်က ရီချင်တာကိုကြိုးစားအောင့်ထားလိုက်ရသော်လည်း ခွီးကနဲအသံကထွက်လာပြန်သည်။
ဒါကိုကြားတော့ အသည်းပိစိလေးက မျက်စောင်းခဲလေရဲ့။ဒင်း‌လေးသာ နဂါးဆို ပတ်ချန်းယောလ်တို့ပြာကျပြီးတာများကြာပေါ့။

"အဟမ်း အဟမ်း အချစ် မှာလေ စားနှင့်တော့ ဖေဖေကအလုပ်ကိစ္စရုတ်တရပ်‌ပေါ်လာတော့တော်တော်လေးနောက်ကျမှာ"

"အာ မောင်ကလည်း လူကြီးကိုတော့စောင့်မှပေါ့ ကြိုစားထားလို့ဖြစ်မလား ဗိုက်လဲသိပ်မဆာသေးပါဘူး အော် မေမေရော"

"မဆာသေးပါဘူး သားရယ်"

"မေမေဆာရင်တော့ မစောင့်နဲ့လေ"

"ရပါတယ် သားရယ်အခုမှအစောကြီးရှိသေးတာ"


"နောက်ကျသွားတာ တောင်းပန်တယ်ဗျာ ကိုယ်တိုင်သွားမြှဖစ်မဲ့ကိစ္စလေးပေါ်လာလို့ စားထားနှင့်ကြတာ မဟုတ်ဘူး"

ဒီလိုနဲ့ ဘူချွန်းမပြန်ခင်ဘတ်ခွန်း‌မေမေနဲ့ ချန်းယေလ်ဖေဖေတို့ဟာစကားလက်ဆုံပြောကြရင်း ခေါင်းစဉ်က ချန်းယောလ်နဲ့ဘတ်ခွန်းတို့မဂ်လာပွဲလုပ်ဖို့ဆီထပ်ရောက်သွားတယ်။

"သားကျောင်းပြီးအောင်တက်ချင်ပါတယ်ဆို မေမေကလည်း"

"ကျောင်းကလက်ထပ်ပြီးရင် ဆက်တက်လို့မရလို့လားသားရဲ့"

"ဒါတော့ ဒါပေါ့လို့"

ချန်းယောလ်နဲ့သူ့အဖေကတော့ပြိုင်ငြင်း‌နေတဲ့သူတို့သားအမိကိုခပ်ပြုံးပြုံးပဲကြည့်နေတော့တယ်။နောက်ဆုံးတော့ဘတ်ခွန်းအမေလုပ်သူကပဲ လက်လျှော့ပေးလိုက်ရတော့တယ်။ဘတ်ခွန်းကလည်းကတိတစ်ခုကို ပေးလိုက်ရပါသေးသည်။ဒါကတော့ နှစ် နှစ်အတွင်းလက်ထပ်ဖို့။လက်ထပ်ဖို့ကိစ္စကိုမလုပ်ချင်တာမဟုတ်ပေမဲ့ တကယ်တမ်းကြမောင့်အသိုင်းအဝိုင်းထဲဝင်ရမှာသူကြောက်သည်။ မောင့်အသိုင်းအဝိုင်းထဲကို ခေါင်းမော့ရင်ကော့ပြီး အခြေအနေတစ်ခုဖြင့်သာ သူဝင်ချင်တာဖြစ်၏။ငယ်ငယ်တည်းကပင် ချီးကျူးစကားတွေကြားလာခဲ့ရသော ဤနားအစုံသည် အပြစ်တင်စကားတွေကိုလက်ခံဖို့ရာအဆင်သင့်ဖြစ်မနေပါချေ။ထို့အတွက်သူကြိုးစားရမည်။သူ မောင့်ကိုမသိမ်ငယ်စေချင်တာအမှန်ပင်မဟုတ်ပါလား။




ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now