25(Uni & Zawgyi)

162 17 0
                                    

[Unicode]
"အေး အေး အဆင်သင့်ပဲ ငါရှယ်ပြင်ပေးထားတာ"

ဂျွန်မြောင့်အပြောမှာမျက်လုံးလေးကလယ်ကလယ်နဲ့ သူ့ကိုပြူးဝိုင်းပြီးကြည့်နေတဲ့ကောင်လေး။အသည်းယားလွန်းလို့ဖျစ်ညှစ်ပစ်မိတော့မှာပဲ။

"လာ မောင်နောက်လိုက်ခဲ့"

မောင့်ဦးဆောင်ရာနောက်လိုက်ရင်းဝင်သွားတာက ဂျွန်မြောင့်ရုံးခန်း။အခန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်တော့ Nike ရဲ့ limited edition sneakers တွေ။ရောင်းဖို့ခင်းကျင်းထားတာမျိုးမဟုတ်ပဲ အခန်းကိုအလှဆင်ထားသလိုမျိုး။ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် မောင့်သူငယ်ချင်းဒီလူကဖိနပ်စုရတာဝါသနာပါမှန်းအတပ်သိနိုင်၏။
အကုန်လုံးကလဲစျေးကမှန်းမရတတ်အောင်ကြီးမဲ့ပုံ။

"ဟင် မောင်..."

ဟုတ်ပါသည် မောင်ကမတ်တပ်ရပ်နေတဲ့သူ့ရှေ့မှာဒူးထောပ်ပြီး သူ့ဖိနပ်ကြိုးကိုဖြည်ပေးလာတာဖြစ်သည်။

"ငြိမ်ငြိမ်နေနော်"

"မောင် ဘာလုပ်တာလဲ"

ခြေထောက်မှာဝတ်ထားတဲ့ဖိနပ်လေးလုံးလုံးကျွတ်သွားမှ ဂျွန်မြောင်ကသူ့လက်ထဲထဲဘူးတစ်ဘူးထိုးပေးလာတာဖြစ်၏။

မောင့်ကကြိုတင်စီစဥ်ထားသလိုမျိုးသူ့ကိုပြုံးကြည့်ကာ လက်ထဲကဘူးကိုဖွင့်၏။

"ကြိုက်လား"

"ဟင်"

"မောင်တို့ couple လေ"

မောင်ပြောမှကြည့်မိတော့ ဘူးထဲမှာနေရာယူထားတဲ့ဖိနပ်နှစ်ရံ။

"တလောကလုံးမှာဒီလိုမျိုးဖိနပ်ကမောင်နဲ့မင်းရဲ့ခြေဖဝါးပေါ်မှာပဲရှိလိမ့်မယ်"

"ဟင်"

"ဟုတ်တယ် ဘတ်ခွန်းရေ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးရုံးချုပ်ကိုအပူကပ်ထားရတာ"

မောင့်အရှိန်အဝါကမသေးလှပါချေ။

"မောင် ငါစီးပေးမယ်လေ"

"ရတယ် မင်းအတွက်ပဲမောင်ကစီးပေးချင်တာ မောင်အတွက်ဖိနပ်ကိုစီးပေးစရာမလိုပါဘူး မောင့်ဘာသာလုပ်ပါ့မယ် နော်"

ချစ်လှစွာသော  အမျိုးသားလေးМесто, где живут истории. Откройте их для себя