41

160 18 3
                                    

[Unicode]မောင့်ကိုတွေ့ပြီးတော့ စိတ်ကအနည်းငယ်တော့သက်သာရာရသွားပေမဲ့လူက‌တော့ငူငူငိုင်ငိုင်ဖြစ်နေတုန်းပဲ။
မောင့်ကိုဒီလိုပုံစံနဲ့လည်းမမြင်ချင်သလို ရှေ့ဆက်ရမဲ့လမ်းကဘယ်လိုမျိုးဖြစ်နေမလဲဆိုတာကို ဘတ်ဟျွန်းဖြင့်တွေးလို့တောင်မရဲဘူး။

"ဘတ်ဟျွန်း! ကျွန်တော်တို့ဒီမှာ"

ဂျောင်ဆူးကလှမ်းခေါ်ရင်းလက်လှမ်းပြတယ်။ဂျုံအင်ကတော့ကားဘော်ဒီကိုပျင်းရိပျင်းတွဲမှီနေလျက်ကနေ ဘတ်ဟျွန်းကိုမြင်တော့ ခါးကိုမတ်ပြီး မျက်နှာကလည်းပြုံးယောင်သမ်းလို့ပြောရှာတယ်။

"အဲ့တာဆိုကျွန်တော်တို့သွားရအောင်လေ"

"အွန်း သွားတာပေါ့"

....................................................

ကင်နမ်ဟျွန်းခေါင်းမီးတောက်နေပြီ။James ဆိုတာသူ့အတွက်‌တော့အကြီးမားဆုံးထောက်တိုင်တစ်ခုပဲ။အဲ့ဒီလိုမျိူးထောက်တိုင်ကအခုပြိုလဲသွားပြီး နောက်ဆက်တွဲသူ့မှာရှင်းစရာတွေကလည်းတစ်ပုံကြီးပဲ။ချန်းယောလ်ကိစ္စရော ဘတ်ဟျွန်းကိုပြန်ပေးဆွဲဖို့ကြံကာပါကိစ္စရော နောက်ပိုင်း ငွေမည်းကိုအသွင်ပြောင်းဖို့နေရာတစ်ခုအဖြစ်သူကြံထားတဲ့ Loey ရော။အဲ့အပြင် တရားမဝင်လုပ်ငန်းတွေကတစ်ခုနှစ်ခုမဟုတ်။ပြီးတော့အကြွေးတွေရော အား!sh*t

ဒုန်း!

စိတ်ပေါက်ပေါက်နဲ့စားပွဲခုံပေါ်တင်ထားသမျှစာရွက်စာတမ်းတွေ။lap top တွေကိုဘေးကိုတွန်းတိုက်ပစ်လိုက်တယ်။စာရွက်တွေကလည်း ကြမ်းပြင်မှာပျံ့ကျဲလို့‌။စာရွက်တွေနဲ့အတူ ကျသွားတဲ့ပစ္စည်းတစ်ခုက ဥက္ကဌကြီးကင်နမ်ဟျွန်း လို့ထွင်းထားတဲ့ဖန်တုံးလေး။
နမ်ဟျွန်းမပီသစွာကျလာတဲ့မျက်ရည်ဥတွေကလည်း ပါးပေါ်ကနေခုန်ဆင်းလာတာကအဆက်မပြတ်။
ကိုယ်တိုင်လည်း ဘဝမှာပထမဦးဆုံးအကြိမ်ကိုယ့်မျက်ရည်ကိုယ်မြင်ဖူးခြင်းပါလို့ပြောရင် လူတွေကလှောင်ရယ်ကြမလားလဲမသိဘူး။အခုလောလောဆယ်အဲ့တာတွေလည်း ဂရုစိုက်ဖို့သူ မအားဘူး။

အယောင်ယောက်အမှားမှားနဲ့တုန်ရီနေတဲ့သူ့လက်တွေနဲ့အဲ့ဒီဖန်တုံးလေးကိုကောက်ကိုင်မိတယ်။ဒီနေရာကိုတွယ်တာမိတာကသူ့အပြစ်မဟုတ်ပေမဲ့ ဒီနေရာကိုအလွဲသုံးစားလုပ်ပြီး အသုံးချမိတာကသူ့အပြစ်ဖြစ်သွားပြီလား။တိတ်ဖို့မဖြစ်နိုင်တော့တဲ့ငိုကြွေးခြင်းတွေမှာ ရှိုက်သံတွေပါစွက်လာတယ်။ကြမ်းပြင်မှာဒူးထောက်လျက်သား ငိုနေမိတဲ့အခုသူ့ရဲ့ရှက်ဖို့ကောင်းတဲ့ပုံရိပ်ကို
ကျေးဇူးပြုပြီး ဘယ်သူမှမတွေ့ပါစေနဲ့။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now