42( Uni & Zawgyi)

160 16 4
                                    

[Unicode]"မေမေ"

"ဟင် သား! သားလား ဟျွန်းနီး"

"ဟုတ် မေမေ"

"ကိုရေ ကို!! သားဖုန်းဆက်တယ်"

"ဟင့်!မေမေ"

"ပြောလေသား စာမေးပွဲရောဖြေနိုင်ရဲ့လားသား"

"..."

"စာမေးပွဲပြီးရင် မေမေတို့ဆီပြန်လာအုန်းလေ"

"သားအခု ဆိုးလ်မှာ"

"ဟုတ်လား သားရဲ့ ပြန်ရောက်တာကြာပြီလား"

"ဟုတ်မေမေ"

"ပြန်ရောက်တာကိုမပြောဘူးသားရယ်"

"သားလေပြောပြစရာတွေအများကြီးရှိတယ် ဒီကြားထဲမှာအဖြစ်အပျက်တွေအများကြီးဖြစ်သွားတယ်  မေမေတို့မသိအောင်လုပ်လိုက်မိလို့ ဘုရားကသားကိုဒဏ်ခတ်တယ်ထင်တယ်မေမေ"

"သား! ဘာတွေပြောနေ‌တာလဲကွယ် ‌မေမေဖြင့်နားမလည်‌တော့ပါဘူး မေမေ့သားလေးဝမ်းနည်းနေတာလား ဟင်ဟုတ်လား သား ချန်းယောလ်လီရော"

"အဟင့် မေမေ!"

ဘတ်ဟျွန်းရင်ဘတ်တစ်ခုလုံးပွင့်ထွက်တော့မတတ်မွန်းကြပ်နေတာကြောင့် မေမေနဲ့ဖေဖေကိုသူကြိုးစားပြီးပြောပြတယ်။နားထောင်နေတဲ့‌မေမေကလည်း ကြားတော့ငိုနေပုံရကာ ဘေးကဖေဖေကမငိုစေရန်ပြောပေးနေသည်။

"သားကို စိတ်ဆိုးလားမေမေ"

ထွက်လာတဲ့ရှိုက်သံတွေသားမကြားစေဖို့ရာ ပါးစပ်နဲ့လက်ကိုအတင်းအုပ်ပြီးခေါင်းခါတယ်။အသံကတော့တစ်သံမှထွက်မလာခဲ့။အမေကစိတ်ဆိုးရက်ပါ့မလား သားရယ်။အသံမလာပဲတိတ်နေတဲ့သူ့ကိုသားကတော့စိတ်ဆိုးတယ်ထင်သွားပလားမသိ။

"တောင်း  ပန်ပါ တယ် မေမေ သား..."

"..."

"သား သားလေ ကိုယ့်သဘောနဲ့ကိုယ်လုပ်လိုက်မိတယ်မေမေ"

"မေမေကစိတ်မဆိုးပါဘူးသားရယ် ဝမ်းနည်းရုံပါ"

"အဟင့် ‌မေမေ"

"အခုသားတစ်ယောက်ထဲအားငယ်နေမှာပေါ့ မပူနဲ့နော် မေမေတို့မနက်ပဲဆိုးလ်ကိုလာခဲ့မယ် ချန်းယောလ်လီအတွက်အတူတူကြိုးစားပေးကြတာပေါ့"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now