39(Uni & Zawgyi)

161 14 2
                                    

[Unicode]ဖုန်းလဲမကိုင် အိမ်ကိုလိုက်သွားတော့လဲမရှိတဲ့‌‌ ဗြောင်ဘတ်ခွန်းတစ်ယောက်ဘယ်တွေများသွားနေပါလိမ့်။
တကယ်ဆိုဒီနေ့ဟာ final exam မဟုတ်ပါလား။
ဒီစာမေးပွဲအတွက် ဘတ်ခွန်းတစ်ယောက်ဘယ်လောက်ကြိုးစားထားခဲ့ရမှန်းလဲမီအွန်းသိသည်။

ကိုယ်လဲစာမေးပွဲဖြေရမှာဖြစ်လို့ သူလာဖြေမှာပါဟူ၍သာအတတ်နိုင်ဆုံးစိတ်ကိုလျှော့ပြီး စာမေးပွဲခန်းထဲဝင်ထိုင်‌လိုက်တော့သည်။
အဆုံးထိသူကတော့ရောက်မလာခဲ့။
ဘယ်တွေရောက်နေသလဲ ဗြောင်ဘတ်ခွန်းရယ်။

...............................

ခေါင်းတစ်ခုလုံးကိုင်ရိုက်ထားသလို တဆစ်ဆစ်နဲ့ထိုးကိုက်နေတာကြောင့်နိုးလာပေမဲ့ မျက်လုံးကကြိုးစားပြီးဖွင့်ရတာအတော်လေးအားယူရသည်။
ဝေဝေဝါးဝါးမြင်ကွင်းတစ်ခုကြောင့် မှတ်မိလိုက်တဲ့နောက်ဆုံးအဆင့်က Taxi ပေါ်မှာ။
ပြီးတော့ ပြီးတော့...

"အ!"

သတိရလို့ရုန်းတော့ လက်နှစ်ဖက်ကလက်ပြန်ကြိုးတုပ်ခံထားရပြီး လူကလည်းထိုင်ခုံနဲ့တွဲချည်ရက်သား။

"နိုးလာပြီလား!"

"မင်း! ခွေးကောင် လွှတ်စမ်း ငါ့ကို ငါ့မှာအချိန်မရှိဘူး"

"မုန်းသေးလား ငါ့ကို"

"ဘာတွေလာမေးနေတာလဲ James ငါတို့ကတစ်ချိန်ကသူငယ်ချင်းတွေနော်"

"တစ်ချိန်က ဟက် စကားအပြောအဆိုမတတ်လိုက်တာ ဗြောင်ဘတ်ခွန်းရယ်"

"ငါ့ကိုလွှတ်ပေးပါ"

"Reason"

"အဲ့တာကငါပြောရမှာ ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ လိုချင်တာ ဘာလဲ"

"မင်း..."

"..."

"အပိုင်သိမ်းမလို့ မင်းကို"

"ဒီမှာ James ငါကယောက်ျားတစ်ယောက်နဲ့လက်ထပ်ထားတယ်ဆိုပေမဲ့ ငါကိုယ်တိုင်ကယောက်ျားတစ်ယောက်ဆိုတာ မင်းမမေ့နဲ့"

"..."

"အေး! ကူပါကယ်ပါအော်နေရအောင်လည်း တခြားအားနွဲ့တဲ့မိန်းကလေးတွေလိုမဟုတ်ဘူး ဒီခေတ်မှာတော်ရုံမိန်းကလေးတွေတောင်မကြောက်တတ်တော့တာမင်းသိပါတယ် မင်းလိုကောင်မျိုးကို ယောက်ျားဖြစ်တဲ့ငါကပိုလို့တောင်မကြောက်ဘူး"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now