36(Uni & Zawgyi)

166 19 5
                                    

[Unicode]
မောင့်အကြောင်းသတင်းပင်မကြားရတာတော့တာ ဒီနေ့နဲ့ဆို ၃ရက်... ၃ရက်

အဲ့ဒီသုံးရက်အတွင်းဘတ်ခွန်းလူကထူထူထောင်ထောင်ပြန်ဖြစ်လာပြီပေမဲ့ စိတ်ကတော့ဂျုံးဂျုံးကျနေဆဲပါ။မောင်လိုလူမျိုးက ဘယ်လိုမျိုးနေရာမှာ ဘယ်လောက်တောင်ပင်ပန်းဆင်းရဲနေပြီလဲမောင်ရယ်။ငါဖြင့်နားမလည်နိုင်တော့ဘူး။
မောင့်ဖေဖေဆုံးတာကောလဟာလဆို ဒါဖြင့်ယူမင်မောင့်ဆီပို့ထားတဲ့ mail ကရောဘာလဲ။ကြားထဲမှာလွဲမှားနေတဲ့တစ်ခုခုအတွက်သူစုံစမ်းရမယ်။

တီ တီ

"ဟဲလို..."

"ဘတ်ခွန်းနီး ကျွန်တော် ဂျွန်မြောင်ပါ ချန်းယောလ်ကိစ္စကိုအခုမှသိလို့ အခုမှဆက်လိုက်ရတယ်ဗျာ ဘာထူးသေးလဲ"

အသံပင်မထွက်ချင်လောက်အောင်ပင်ပန်းနေတာမလို့ ခေါင်းတွင်တွင်ခါရင်း ထွက်ကျလာမဲ့ရှိက်သံတချို့ကိုလက်နဲ့ဖိကာထားရတာတကယ်ပင်ပန်းနေပြီ။

"ကျွန်တော်လဲရိရှင်းအဆက်အသွယ်နဲ့ စုံစမ်းနေတာမလို့ အများကြီးစိတ်မပူပဲ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ ချန်းယောလ်ကဘယ်လိုလူမျိုးမို့လို့လဲ..."

ဂျွန်မြောင့်စကားကကိုယ့်အပေါ်မှာအများကြီးအားတက်ရပါတယ်။
ဟုတ်တယ်လေ မောင်ကဘယ်လိုလူမျိုးမို့လို့လဲ
ဘယ်လောက်အသဲမာတဲ့သူမျိုးမို့လဲ
ဘယ်လောက်ပြတ်သားတတ်တဲ့သူမို့လို့လဲ
မောင်က ငါ့ကိုစိတ်မချလို့ပဲဖြစ်ဖြစ် သေချာပေါက်ပြန်လာပေးမှာ....။

............................................................................

တစ်လောကလုံးကိုအဆက်အသွယ်ဖြတ်ပြီး အသည်းအသက်ကလေးနဲ့ပဲရစ်မှာသွားနှပ်နေတာမလို့ ဂျုံအင့်ခမျာ ချန်းယောလ်သတင်းကိုအခုထိမသိသေးရှာပေ။

"ဂယောင်ဆူးရား...ကိုယ်တို့ဒီနားလေးမှာဓာတ်ပုံလေးရိုက်ရအောင်"

"မရိုက်ချင်ပါဘူး မင်းဟာမင်းရိုက်"

"ဟ ရမလား ပဲရစ်ထိလာပြီး date ပါတယ်ဆိုနေမှ"

"မရိုက်ချင်ဘူး ငါဓာတ်ပုံရိုက်ရတာမကြိုက်ဘူးလို့ဆိုနေ"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now