44( Uni and Zawgyi)

192 17 2
                                    

[Unicode]"ဟင့် မောင်"

"ဟောဗျာ ဘာလို့ငိုရတာလဲ"

မျက်နှာလေးကိုမြင်ချင်တာမို့ မေးကနေအသာအယာလေးယူကြည့်ပေမဲ့ အသည်းငယ်ကသူ့ရင်ဘတ်မှာအတင်းကပ်နေတာ ခွာမရ။လွမ်းနေမှာသိပါတယ် အချစ်ရယ်။မောင်လည်းထပ်တူပါပဲ။
အလိုက်သင့်လေး သူ့ကိုဖက်ပေးထားတော့အငိုသန်တဲ့ပေါက်စလေးက တအီအီကနေရှိုက်သံလေးတွေပါထွက်လာတယ်။

"မငိုနဲ့တော့ကွာ ခေါင်းကိုက်မယ်လေ"

"ဟင့် မောင် ဘယ်လိုပြန်လာတာလဲ ပြောပြ"

"အမှုနိုင်လို့ပေါ့ကွ"

"ဟုတ်တော့ဟုတ်တယ်လေ ဘယ်လိုနိုင်သွားတာလဲလို့"

"ဟွန်း သူ့ကြတော့ဖြင့်မတွေ့ပဲနဲ့ ပြန်သွားပြီး"

"ဟာ မောင်ကဒါကိုစိတ်ကွက်နေတာလား လက်ထိပ်နဲ့မောင့်ပုံကို ဟင့် မမြင်ရက်လို့လေ ဖေဖေကလည်း ဟင့် ပြန်လို့ရတယ် ဟင့် ‌ဟင့် ပြောပေးမယ်ဆိုလို့"

"ကဲ ကဲဟုတ်ပါပြီဗျာ မောင်ကဒီအတိုင်းစတာပါ မငိုနဲ့တော့ မောင်ပြောပြမယ် ပြီးတော့ အရှေ့မှာလူကြီးတွေစောင့်နေတယ် ထွက်ရအောင် နော်"

ခေါင်းလုံးလုံးလေးကိုအသာလေးပုတ်ကာပြောတော့ကောင်ငယ်လေးက ဟုတ် ဆိုတဲ့တစ်ခွန်းပြောပြီး မျက်နှာသစ်ပြီးမှထွက်ခဲ့မယ်တဲ့။ချန်းယောလ်လည်း အသည်းယားလာတာကြောင့် ခေါင်းလေးကိုပုတ်ပြီးဆံပင်လေးကိုဖွဖွနမ်းတော့ သူ့ကလေးက မျက်စောင်းတစ်ချက်ခဲတယ်။ဒါကို ဘတ်ခွန်းနီးရဲ့မောင်ဖြစ်သူ‌ပြန်ပြောလိုက်တာက "အခုမှအမှုနိုင်ပြီး ပြန်လာတဲ့ ကိုယ့်ယောက်ျားကိုယ် ဒီလောက်တောင် မသဒ္ဓါဘူးလား" တဲ့လေ။

အရှေ့မှာ‌မောင့်ဖေဖေကထိုင်ပြီး မေမေနဲ့စကားပြောနေတာကြောင့် ဘတ်ခွန်းနီးကရို့ရို့လေးထွက်လာတယ်။မောင်ကတော့ဘေးကို လှစ်ခနဲရောက်လာပြီး ပခုံးကိုတင်းနေအောင်ဖက်ထားတော့တာပဲ။ကိုယ့်ဘက်ကလူကြီးတွေရှေ့မလို့ အနေအထိုင်ဆင်ခြင်ဆိုတဲ့ အမူအရာမျိုးပြပေမဲ့ သူကမျက်နှာကြီးကိုမော်ချီလို့။ဖမ်းခံရပြီး လွတ်လာမှပိုရဲတင်းလာသလိုပဲ ဒင်း။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now