33(Uni & Zawgyi)

151 15 2
                                    

[Unicode]
ပွဲပြီးတဲ့နေ့ကစလို့ ရှုပ်လိုက်တဲ့အလုပ်ဆိုသည်မှာ ချန်းယောလ်သည် အချစ်ကလေးအနားကပ်ရန်ပင်မအား။

လာရောက်ကမ်းလှမ်းကြည်သည့် ရှယ်ယာဝင်ချင်ကြသောသူများကလည်း ဒုနဲ့ဒေးပင်။အခုထိတော့ ကင်မ်နမ်ဟွန်းတစ်ယောက်ထိုထဲပါမလာသေး။ ချန်းယောလ်ရရှိထားသောအချက်အလက်များအရ ထိုသူသည်လာရောက်ကမ်းလှမ်းဖြစ်မှာတော့အသအချာ။တစ်ခုပဲဘာကြောင့် ချန်းယောလ်တို့အရင်အေဂျင်စီသည်အဖတ်ပင်ဆယ်မရလောက်တော့သည်အထိ ယိုင်နဲ့နေရသနည်း?
ဤအချက်ကိုယခုထက်ထိ စုံစမ်းလို့မရသေးပါပင်။
အားကိုးရန် ယူမင်သာရှိတော့သည်။

ဒေါက် ဒေါက်

"ဝင်ခဲ့လေ"

အမောတကောနဲ့ရေးကြီးသုတ်ပျာဝင်ချလာတဲ့ သူ့ PA ကြောင့်မျက်ခုံးတွေထိစပ်လုမတတ်ပင်တွန့်ချိုးထားမိတော့သည်။

"အစ်ကို အစ်ကို့ကို ဟို Loey က ဥက္ကဋ္ဌ ကတွေ့ခွင့်တောင်းနေပါတယ်"

ချန်းယောလ်ရင်ထဲကျိတ်၍ပြုံးမိသည်။အပြင်တွင်တော့ ထုတ်မပြုံးဖြစ်ခဲ့ပါ။ပြုံးလိုက်လျှင် ပေါ်လာမည့် ပါးချိုင့်နက်နက်အား အချစ်ကလေးမှတစ်ပါး အခြားသူကိုလှစ်ဟပြရန်အစီအစဥ်မရှိ။

"ကောင်းပြီလွှတ်လိုက်ပါ"

..........................................................................

"ကြိုတင် Appointment တောင်မယူပဲရောက်လာတဲ့သူကို ကျွန်တော့အချိန်တွေဖယ်ပေးပြီးတွေ့တယ်ဆိုတာ အရင်ကသိခဲ့ဖူးတဲ့ရေစက်ကြောင့်ပေါ့နော်"

ဝင်လာလာချင်း နှပ်ချလိုက်သည့်စကားကြောင့်နမ်ဟွန်းဒေါသထွက်သွားရသော်လည်း လိုချင်တာကရှိသေးသည်မလား။

"ဒါပေါ့ဗျာ ကျွန်တော့်ဘက်ကပဲကြိုတောင်းပန်ပါတယ် သြဇီကိုအမှတ်မထင်ရောက်လာရင်း တွေ့ဖို့ဖြစ်လာတာဆိုတော့"

"ကောင်းပါပြီ လာရင်းကိစ္စက"

"မေးနေစရာလိုသေးလို့လားဗျာ"

ချန်းယောလ်နှုတ်ခမ်းတွေကော့တက်သွားသည်အထိပင်ပြုံးမိတော့သည်။ဒီလူကအပိုင်ကိုတွက်ထားတာပဲ။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now