15(Uni & Zawgyi)

170 13 3
                                    

[Unicode]
တဖျတ်ဖျတ်လက်နေတဲ့ကြယ်လေးတွေအောက်မှာ ဒီကိုယ်လုံးလေးကိုပိုးပြီး အိမ်ပြန်လာရတဲ့အရသာကတကယ်ကောင်းတာပဲ။အိပ်ပါကလေးငယ် မောင့်ကျောပြင်ပေါ်မှာစိတ်ချလက်ချမှေးခိုပါ။မောင်ကမငြူမဆူပဲထမ်းပိုးပေးထားမှာမလို့။

ဘတ်ခွန်းနီးမေမေက ပြတင်းပေါက်ကနေလှမ်းအကြည့် သားတော်မောင်ကိုကုန်းပိုးပြီးထမ်းလာတဲ့ သားမက်လောင်းလေးကိုတွေ့တော့ကြည်နူးမိတယ်။ဒီကလေးနှစ်ယောက်အဲ့လောက်တောင်ချစ်လိုက်ကြသည်။မိမိသားကိုယ်တိုင်ကလဲ ယောကျ်ားလေးတစ်ယောက်ဖြစ်ပါရက်နဲ့မငြိုမငြင်ပဲ ကုန်းပိုးလာတဲ့ကလေးလက်ထဲကိုထည့်ပေးလိုက်ရမှာစိတ်ချပါတယ်လေ။
အရင်ကထဲက သားချစ်သူဟာမိန်းကလေးပဲဖြစ်ရမယ်လို့လဲ မျှော်လင့်ခဲ့တာမျိုးမှမရှိခဲ့ပဲ။မြေးမြစ်တွေနဲ့ဖြတ်သန်းရမဲ့ဘဝလေးကိုတော့မရနိုင်တော့ပေမဲ့ ကိုယ်ကမိဘလေ။သားရွေးချယ်ချက်ကိုပဲ့ပြင်ရင်းလက်ခံပေးရမှာပေါ့။ပြီးတော့ ချန်းယောလ်လီအပေါ်ကိုလဲ စိတ်ချတယ်။အခုမှသားကပထမဆုံးမိတ်ဆက်ပေးလို့သိတာပေမဲ့ မသိစိတ်ကတော့ဒီကလေးကိုယုံနေမိလိုက်ခြင်း။

မိဘဖြစ်နေတဲ့အတွက် သားရဲ့မမှားတဲ့ဆုံးဖြတ်ချက်ကိုလက်ခံပေးတာဟာ သားကိုကာကွယ်ပေးတာလို့ပဲမေမေမြင်မိတယ်သားရယ်။

"သားတို့ပြန်လာပြီလား...အိုကွယ် ဒီကလေး ချန်းယောလ်ကိုသက်သက်ဒုက္ခပေးတာ အိပ်နေပြီတဲ့လား"

"ဟုတ်မယ်ထင်တယ်အန်တီ သားသူ့အခန်းကိုပဲခေါ်သွားပေးလိုက်ပါ့မယ်"

"အေး အေး သား သူ့အခန်းကအပေါ်ထပ်မှာ"

ဘတ်ခွန်းနီးတို့အိမ်လေးကသုံးထပ်တိုက်လုံးကျင်းလေး။
အပေါ်ဆုံးထပ်ကိုတော့ သားငယ် ဆိုးလ်ကပြန်လာတိုင်းနေလေ့ရှိသည်။ပြောရရင်တစ်ထပ်လုံးပေါ့ သူ့အပိုင်စားပေးထားတာ။ဘတ်ခွန်းနီးဖေဖေနဲ့မေမေကတော့ ဒုတိယထပ်မှာနေသည်။အိမ်ကအတော်ကျယ်သည်မို့ ဒုတိယထပ်တွင်Master bed room တစ်ခန်း မီးဖိုခန်းနှင့်ဧည့်သည်လာရင်တည်းဖို့နှစ်ခန်းရှိသည်။
အောက်ထပ်ကတော့ စာဖတ်ခန်းနှင့်ဧည့်ခန်းမှလွဲ၍ ကျန်တာအကုန် Hall ခန်းဖြစ်သည်။
ဘတ်ခွန်နီးနေတဲ့အထပ်မှာတော့ သူ့အိပ်ခန်းအပြင်ကိုယ်ပိုင်စာကြည့်ခန်း အဝတ်လဲခန်းနှင့် တခြား decoration များကိုကျကျနနပဲပြင်ဆင်ထားကာ ပြောရလျှင်ဘတ်ခွန်းနီးလေးရဲ့ကမ္ဘာလို့တောင်ပြောလို့ရသည်။
အသန့်ကြိုက်သူပီပီ ပစ္စည်းတွေကလဲနေရာတကျနှင့်မကြီးကျယ်မခမ်းနားပေမဲ့အတော်လေးတော့သပ်ရပ်သည်။
အပင်စိုက်ရတာ ဝါသနာပါတဲ့ဘတ်ခွန်းနီးဖေဖေအတွက် roof-garden လေးတစ်ခုရှိပြီး ပန်းပင်မျိုးစုံကိုလဲ စနစ်တကျမျက်စိအေးဖွယ်စိုက်ပျိုးထား၏။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now