26(Uni & Zawgyi)

158 16 0
                                    

[Unicode]
"James "

" OMG! Baekhyun"

"စျေးဝယ်ထွက်လာတာလား"

"ဟုတ်တယ် အိမ်အတွက်လိုတာလေးနဲနဲရှိလို့"

တောက်တောက် တောက်တောက်နဲ့ပြေးပြီးသူ့သူငယ်ချင်းဆီသွားတဲ့ဘတ်ခွန်းနောက်ကို ချန်းယောလ်ကပျင်းရိပျင်းတွဲနဲ့ပဲလိုက်ခဲ့တယ်။James ဆိုသူကသူ့ကိုလဲမြင်တော့နွေးနွေးထွေးထွေးနှုတ်ဆက်ရှာပါတယ်။ဒါပေမဲ့ James နဲ့ပတ်သတ်ပြီးဘတ်ခွန်းအပေါ်သူစိတ်မအေးဘူး။ဘာလို့မှန်းလဲသူကိုယ်တိုင်တောင်မသိဘူး။

ကိုယ့်လူကသူ့သူငယ်ချင်းနဲ့စကားပြောနေတာဒိတ်ဆိုတာတောင်မေ့နေသလားပဲ။

"ဘတ်ခွန်း...နှုတ်ဆက်ပြီးရင်သွားရအောင်ကွာ!"

အဲ့လိုပြောတော့သူ့ဟာလေးက James ကိုအားနာသလိုကြည့်သည်။တကယ်လဲဟုတ်တာပဲလေ။အခုဟာကဒိတ်ဟာကို တော်ရုံပဲလုပ်ပေါ့။
ထိုအခြင်းအရာကို James ကသဘောပေါက်သည့်နှယ်

"ဘတ်ခွန်း အဲ့တာဆို ငါလဲချိန်းထားတာတစ်ခုရှိလို့နောက်မှတွေ့မယ်လေ"

"အာ ဟုတ်ပြီ ဟုတ်ပြီ ဂရုစိုက်သွား"

ဟိုလူထွက်သွားတာနဲ့သူ့ဟာလေးကမကြည်သလိုမော့ကြည့်လာပြီး ကြွက်သားတွေနဲ့သူ့လက်မောင်းကို လက်ဖဝါးသေးသေးလေးနဲ့ရိုက်၏။အရမ်းကြီးတော့မနာပေမယ့်စပ်ဖျင်းဖျင်းတော့ဖြစ်သွားရသည်။ချန်းယောလ်မျက်နှာကလဲမဲမှောင်သွား၍ပုတ်သိုးလာကာ

"ဘာလဲကွာ! ဒိတ်လေ ဒိတ်ပါဆို"

"မင်းမျက်နှာကိုပြင်ထားလိုက်တော့ ငါဗိုက်ဆာနေပြီ!"

ရှေ့ကနေ​ထွက်သွားတဲ့ဟာလေးနောက်ကိုပဲအလောတကြီးအမီလိုက်ရလေတော့သည်။

"ဘာစားမှာလဲ?"

"စားလို့ရတာအကုန်စားမှာ"

"ကဲကွာ စိတ်ဆိုးမနေနဲ့တော့လေ"

"ဘယ်သူလဲစိတ်ဆိုးတာ"

အရွဲ့တိုက်ပြီးဖြေလာပုံကလူကိုအူယားစရာအတိ။ပါးအိအိလေးနှစ်ဖက်ကိုလက်နဲ့အသာလေးဆွဲဖျစ်တော့ ချက်ချင်းပင်ပါးမို့လေးကရဲတက်လာသည်။

ချစ်လှစွာသော  အမျိုးသားလေးМесто, где живут истории. Откройте их для себя