37(Uni & Zawgyi)

167 15 4
                                    

[Unicode]
ဘတ်ခွန်းမောင်နဲ့တွေ့ပြီးပြန်လာတော့ ကော်ရစ်တာကနေသူ့ကိုဝင်တိုက်ပြီးအခန်းတစ်ခုထဲကိုအလောသုံးဆယ်ဝင်သွားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ်။သိပ်လည်းမသိတဲ့သူမို့ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးမျက်နှာလွဲကာ ထွက်သွားဖို့ပဲပြင်လိုက်ပေမဲ့ အဲ့လူဆီကနေ ဘာလို့အဲ့ကောင်ကိုတွေ့ခွင့်ပေးရတာလဲ ဆိုတဲ့စကားကြောင့်ခြေလှမ်းတွေတုံ့ခနဲ ရပ်သွားတယ်။ မသိစိတ်ကနေမောင်နဲ့ဆိုင်နေမလားဆိုတဲ့အသိကြောင့် အဲ့လူ‌နောက်ကိုလိုက်သွားမိတယ်။
လှေကားခွင်အကွေ့တစ်နေရာအရောက် James ရဲ့အသံကိုကြားလိုက်ရတာမလို့ နံရံမှာကပ်ပြီးကွယ်လိုက်တော့...         

"ကျုပ်စီစဉ်တာ ဘာပြဿနာရှိလို့လဲ"။   

"ခင်ဗျား ကျုပ်တို့ကိစ္စထဲကိုတော့ဝင်မနှောင့်ယှက်သင့်ဘူး ကျုပ်တို့လုပ်နေတဲ့ကိစ္စကခင်ဗျားတို့တောင်းဆိုထားတဲ့အရာကိုဖြည့်ဆည်းပေးဖို့ပဲ"

"ကျုပ်လုပ်ခိုင်းတဲ့အထဲမှာ ပတ်ချန်းယောလ်မပါဘူး ခင်ဗျားသူများကိုအပြစ်မဖို့စမ်းပါနဲ့ အခုလုပ်နေတာတွေရပ်တန်းကရပ်လိုက်ပါ"

"ရပ်ဖို့တွေးထားရင်စတောင်မစခဲ့ဘူး"

"အား ဒီခွေးသား!"

ခွပ်

"ဘတ်ခွန်းနီး!"

ဟိုလူကထွက်သွားဖို့အလုပ် နံရံထောင့်မှာကွယ်နေတဲ့ကွဘတ်ခွန်းကဘွားခနဲထွက်လာပြီးဝင်လုံးတော့တာပဲ။ဟိုလူက တိုက်ရည်ခိုက်ရည်အတွက်ကောင်းကောင်း train ထားတဲ့ကောင်မို့အင်အားမမျှတာကြောင့် James ခမျာမနဲဝင်ဆွဲရ‌တော့တယ်။လူချင်းခွာထားတာတောင် လက်ထဲကလူကလက်သီးလက်မောင်းတန်းပြီးနီစုတ်ကာ လည်ပင်းကြောတွေပါထောင်နေတာမလို့ အင်အားမမျှလဲ အချစ်စွမ်းအားနဲ့ဟိုကောင်ခံရနိုင်တဲ့အတွက် အမြန်နှင်ထုတ်ရတော့တယ်။

"သွားတော့"

ဟိုကောင်ကသုတ်သုတ် သုတ်သုတ်နဲ့ထွက်သွားတော့ကိုယ့်အကျီကော်လံစကိုဆွဲလာတဲ့ ဘတ်ခွန်း

"ပြော! မင်းတို့ကြားမှာဘာတွေရှိနေလဲငါစိတ်မဝင်စားဘူး ဘာလို့မောင်ကမင်းတို့ကိစ္စထဲပါနေရတာလဲ ‌ပြော!"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now