16(Uni & Zawgyi)

170 15 0
                                    

[Unicode]

အခန်းရဲ့အရှေ့နဲ့အနောက်ဂနာမငြိမ်ပတ်လျှောက်ပြီး
လက်ထဲမှာလဲဖုန်းတစ်လုံးကိုကိုင်လျက်

"ဟာကွာ ဒီဟာလေးတော့ ဖုန်းဆက်မယ်ဆိုပြီး ငါ့ကိုနှင်ထုတ်ဖို့တမင်အကြောင်းရှာလိုက်တာ မဟုတ်ဘူးလား"

အတွေးပေါင်းသောင်းခြောက်ထောင်နဲ့တစ်ယောက်ထဲယောက်ယှက်ခတ်ဖြစ်ပျက်နေစဥ် ဟိုဟာလေးဆီက ဖုန်းကဝင်လာတော့ ပျော်မိလို့လားမသိဘူး လေပေါ်၃စက္ကန့်လောက်မြောက်တက်သွားသည်အထိ ထခုန်မိတော့တယ်။
ပြီးမှလေသံကိုချောင်းဟန့်ပြီးပြင်လိုက်ရင်း

"အဟမ်း အဟမ်း ပြော"

"ဟ! အဖြေတောင်းထားတဲ့ကောင်လေသံကအဲ့လိုပဲလား အထက်စီးဆန်လိုက်တာ"

"နောက်ကျတာမင်းလေ"

"စောင့်နေရမှာကမင်းလေ"

"ဖုန်းဆက်မယ်ပြောတာကမင်းလေ"

"အဖြေတောင်းထားတာကမင်းလေ"

"ဟာကွာ မသိဘူး အခု အဲ့တော့အဖြေကဘာလဲ"

"မင်းကိုစိတ်ပျက်သွားပြီ ဟေ့ရောင်"

"ဟ ငါဘာလုပ်မိလို့လဲ"

"တွဲတောင်မတွဲရသေးဘူး မင်းငါ့ကိုနိုင်ချင်နေတာလေ"

"ဟ!မင်း"

"ငါ အဲ့ဒီ့လေသံကိုမကြိုက်ဘူးကင်မ်ဂျုံအင်"

"ကျစ်!အေး အေးကွာ မပြောတော့ဘူး ဟုတ်ပြီလား အဖြေပေးတော့"

"မနက်ကျသိရမယ်"

"ဘာ!"

"ဟ နားကွဲတော့မယ်ဖြေးဖြေးအော်ဟ"

"မင်း ညကျပေးမယ်လို့ပြောထားတာလေ"

"မပြောမိပါဘူး memory လေးနဲနဲပါးပါး recall လုပ်ကြည့် ငါဖုန်းဆက်မယ်ပဲပြောထားတာ"

"ဝေ့လည်ကြောင်ပတ်လာလုပ်နေတယ် ဒီဟာတော့"

"ငါ့အဖြေက မင်းအခုငါ့ကိုပြောနေတဲ့ပုံစံတွေနဲ့တိုက်ရိုက်အချိုးကျမှာနော် ဟေ့လူ"

"အေး အေး ကွာ မနက်ထိစောင့်နေမယ်ငါစိတ်ရှည်တဲ့လူစားမျိုးမဟုတ်လို့ အချိန်တော့သိပ်မဆွဲနဲ့နော် ဟုတ်ပြီလား"

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now