40(Uni & Zawgyi)

178 16 4
                                    

[Unicode]"မေမေသားကိုလာခေါ်ပါ"

"..."

"သားလေး! ဘတ်ခွန်းနီး"

ဆယ်နှစ်အရွယ်ဘတ်ခွန်းနီး ငယ်ငယ်ကလမ်းပျောက်ရင်း ပြန်တွေ့တော့ပလက်ဖောင်းပေါ်မှာငိုနေတဲ့ပုံရိပ်။သားကအခုအဲ့အရွယ်မှမဟုတ်တော့ဘဲဆိုတဲ့အသိစိတ်ကလဲတစ်ဖက်။

"မေမေသားကိုလာခေါ်နော်..."

သားကိုခေါ်ဖို့လှမ်းလိုက်တော့ခြေလှမ်းတွေကလှုပ်မရ။
သားမျက်ရည်တြွေမင်ရတိုင်း နှလုံးသည်းပွတ်အိမ်ကဆွဲဆုပ်သည့်နှယ်နာသည်။

ဘေးဘီကိုကြည့်လိုက်တော့မှောင်မဲနေတာအပြင်ထူးနေတာမျိုးမရှိ။သားရဲ့အသံကတော့ပဲ့တင်ထပ်စွာ နားမှာကြားယောင်လျက်။ငိုနေတဲ့သားကရုတ်တရပ်ကြီး ထပြီးသူ့နားလာမလိုနဲ့ပြေးထွက်သွားတယ်။
နောက်ကနေလိုက်ဖို့လုပ်ပေမဲ့ ခြေထောက်တွေကမှလှုပ်လို့မရပဲနဲ့။

"မေမေသားကိုလာခေါ်နော်"

"သား!"

"သား! ဘတ်ခွန်းနီး"

"မိန်းမ!"

ဘတ်ခွန်းနီးမေမေကဇောချွေးတြွေပန်ပြီးမျက်လုံးထောင့်ကလဲမျက်ရည်တွေစီး‌ကျနေ၏။အိပ်မက်ဆိုးမက်နေတယ်ထင်ပါရဲ့။

"မိန်းမ!"

"ဟင်! သား သားကိုရှာရမယ်လေ သားနောက်ကိုလိုက်မှပေါ့ သား"

"မိန်းမ! သတိထားအုန်း အိပ်မက်ဆိုးမက်နေတာပါ ပြီးတော့သားကအခုဩဇီမှာလေ"

"ဖုန်း ! သားဆီဖုန်းဆက်ရမယ်"

"‌သားကစာမေးပွဲနဲ့လေ သူ့ဘက်ကစဆက်ပါလိမ့်မယ် ဘယ်တုန်းကဖုန်းမဆက်ပဲနေဖူးတဲ့ကလေးမို့လို့လဲ"

"သား ဖုန်းမဆက်တာ သုံးပတ်နီးပါးရှိပြီရှင့် အရင်ဆိုနေ့တိုင်းဆက်နေကြလေ ကျွန်မသားလေးက"

"မဟုတ်ဘူးလေ အခုဟာကစာမေးပွဲကာလမလို့ပါကွာ ကဲ  ရေသောက်လိုက်အုန်း ကိုယ်ရေယူပေးမယ်"

ကိုယ်တိုင်ကလဲဘတ်ခွန်းနီးမေမေကိုစိတ်အေးအောင်သာပြောလိုက်ရတာ သားနဲ့ပတ်သတ်ပြီး ဒီရက်ပိုင်းအိပ်မက်တွေမကောင်းတာကြာပြီ။မနက်မှ SNS ပို့ကြည့်အုန်းမှပါ။

ချစ်လှစွာသော  အမျိုးသားလေးWhere stories live. Discover now