Part : 2 🔮

454 48 2
                                    

အရောင်တွေစုံလင်ကာ တလက်လက်တောက်ပနေသော အခန်းတစ်ခုတွင် အဖြူရောင်သားမွေးအင်္ကျီကိုဝတ်ဆင်ထားသော သခင်ကြီး J hope ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။

" မဖြစ်ဘူး မဖြစ်တော့ဘူး... SUGA ကို အခုချက်ချင်းခေါ်လိုက် Min နဲ့ Jeon ကိုပါခေါ်လိုက် "

သခင်ကြီးရဲ့အမိန့်ကိုကြားတာနဲ့ အစောင့်တစ်ယောက်က စွမ်းအားရှင်တို့ အိပ်ဆောင်ဘက်သို့ လျင်မြန်စွာထွက်သွားသည်။

" Min နဲ့ Jeon သခင်ကြီး ခေါ်ခိုင်းလိုက်လို့ပါ "

တစ်ခန်းထဲအတူတူနေကြတဲ့ Min နဲ့ Jeon ထံမှ ဘာတုံ့ပြန်မှုမှမရပါ။

" ဒေါက် ဒေါက် ဒေါက် Min နဲ့ Jeon "

" ဟေ့ကောင် မင်းသွားဖွင့် "

" မင်းသွားကွာ "

Min နဲ့ Jeon တို့ထုံစံအတိုင်း တစ်ယောက်ကိုတစ်ယောက်တွက်ကပ်နေလိုက်ကြသည်။ နောက်ဆုံးတော့လည်း မနေနိုင်တဲ့ Jeon ပဲ အရှုံးပေးကာ တံခါးသွားဖွင့်ပေးလိုက်ရသည်။

" ကျတော်တို့ ပြင်ဆင်ပြီးတာနဲ့လာခဲ့မယ်လို့ပြောလိုက်ပါ "

" ဟုတ်ကဲ့ပါ "

Jeon ကအစောင့်ကြီးကိုအကြောင်းပြန်ပြီးတာနဲ့ ပေကပ်ပြီးမျက်လုံးမှိတ်ထားသော Min ကိုလှမ်းနှိုးလိုက်သည်။

" Min ရေ ထတော့ကွာ "

" လာ ထူ "

" သောက်ပျင်း "

Jeon ကဆူဆူဆဲဆဲဖြင့် Min ပြောသမျှကိုလုပ်ပေးနေကျပင်။

" အိပ်ကောင်းခြင်းကိုမအိပ်ရဘူး "

Min ကလာဆွဲထူတဲ့ Jeon လက်ကိုအားယူကာထလိုက်ရင်းက ရှုံ့မဲ့မဲ့ဖြင့်ပြောသည်။

" မင်းလားမအိပ်ရတာ "

" စောစောစီးစီးရန်မစနဲ့ကွာ ရေသွားချိုး "

Jeon ကညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် Min ရှေ့မှာပင် အင်္ကျီကိုချွတ်ချလိုက်ပြီး သူ့ကြွက်သားဖုထစ်‌တွေကိုကြွားလုံးထုတ်တော့သည်။

" တွေ့လား တွေ့လား "

Jeon ကတမင် Min မျက်နှာနားကပ်ကာ သူ့‌ six packs ကြီးကိုတိုးတိုးပြနေသည်။

The Last HopeWhere stories live. Discover now