Part : 10 🔮

351 41 0
                                    

ဒီနေ့ အီဟွာ့ကို Jin ရှိရာဆီသို့ပို့ပေးရန် SUGA သူတို့ကျောင်း၀န်းဆီသို့ရောက်လာခဲ့သည်။ အီဟွာက ဝိညာဉ်ဖြစ်သော်လည်း စိတ်ကလူအတိုင်းပင်ဖြစ်နေတာကြောင့် လူလိုသာလှုပ်ရှားသွားလာလိုသည်။

" SUGA nim..ကျေးဇူးပါပဲ "

" ရပါတယ် "

" Jin oppa အတန်းမပြီးလောက်သေးဘူးထင်တယ်..ဟွာ ဂီတအဆောင်ဘက် ခဏသွားလို့ရမလား "

" ကောင်းပြီ..ကျ‌နော်ပါလိုက်ခဲ့မယ် "

အီဟွာက Jin ကိုတော့ oppa လို့ခေါ်ပေမယ့် Hope World က လူတွေအားလုံးကိုတော့ nim လို့သုံးနှုန်းကာ ယဉ်ယဉ်ကျေးကျေးခေါ်တတ်သည်။

ရှေ့ကလျှောက်သွားသောအီဟွာ့နောက်မှ SUGA ခပ်ခွါခွါလိုက်လာခဲ့သည်။ ဂီတဆောင်ရဲ့ practice room တစ်ခုနားသို့အရောက်တွင် -

" နင်လည်းဘယ်မှကိုခေါ်လို့မရဘူး "

" ကိုယ့်ဘာကိုယ်သွားကြစမ်းပါ "

ဟုတ်ပါသည်။ SUGA ထယ်ယောင်းရဲ့အသံကိုကြားလိုက်ရသောကြောင့် ထိုအခန်းနားတွင် ခြေလှမ်းတွေရပ်တန့်သွားမိသည်။ ထိုစဉ် သူငယ်ချင်းတစ်စု ထိုအခန်းထဲကထွက်သွားပြီး အခန်းတံခါးမှာအနည်းငယ်ဟ၍ကျန်ခဲ့သည်။ ခဏအကြာ အခန်းထဲမှ ထယ်ယောင်းရဲ့ တယောသံလေးက အပြင်ဘက်အထိပြန့်လွင့်လာတော့သည်။

SUGA ကိုယ်တိုင်မသိလိုက်ဘဲ ဟနေသောအခန်းထဲသို့ဝင်မိရက်သား။ ထယ်ယောင်းကတော့ ဟန်ပါပါဖြင့် မျက်လုံးတွေမှိတ်ပြီးတီးခတ်နေတာကြောင့် သူ့ကိုသတိမထားမိပေ။

SUGA ကထယ်ယောင်းရဲ့လှုပ်ရှားမှုတွေကို တဝကြီးငေးကြည့်နေလိုက်သည်။ ငယ်ငယ်ကဖြစ်ချင်တဲ့အိပ်မက်ကို တကယ်အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့ ဒီကောင်လေးကိုမြင်ရတာ ကြည်နူးစရာပင်။

ငေးနေလိုက်တာအချိန်တွေဘယ်လောက်ကြာသွားသည်မသိ သူ့ဖုန်းကတုန်ခါမှုတစ်ခုဖြစ်ပေါ်လာမှ SUGA အခန်းထဲကနေအသာထွက်လာလိုက်သည်။

" SUGA shi..အီဟွာ ကျနော့်ဆီရောက်ပြီ "

Jin ဆီက Message ကိုတွေ့တော့မှ ထယ်ယောင်းကြောင့် သတိလက်လွတ်ဖြစ်သွားတဲ့ကိုယ့်ကိုယ်ကိုရီချင်သွားမိသည်။ အရင်ကလည်းသူဒါမျိုးခဏခဏဖြစ်နေကျမဟုတ်ပါလား။ သူ့ဆီကိုအမှတ်မထင်ဘဲရောက်လာသောထိုကောင်လေးကို စတွေ့တဲ့‌နေ့ကတည်းက သူ ခိုးခိုးကြည့်နေခဲ့ရသည်လေ။

The Last HopeWhere stories live. Discover now